Just check Wang's Aura. I really miss Tracer 85 T_T
Scroll down for Zawgyi thank youuu and love you guys<33.
~ ~ ~ ~
လော့ရှင်းကျင်း ထိုစာအုပ်လေးကို အပြီးတိုင်စွန့်လွှတ်ဖို့ ကြိုးစားချင်တယ်။ ထိုစာအုပ်လေးထဲကအကြောင်းအရာတွေကိုရော၊ ထိုလူကိုရော။ အေးတိအေးစက်ရေခဲတုံးက သူအရည်ပျော်သွားချင်တဲ့သူနဲ့ကျ အရည်ပျော်သွားခဲ့တယ်လေ။ ပိုင်ရှင်ရှိပြီးသား ထိုလူ့ဆီကို သူဘယ်လိုစိတ်နဲ့ ရှေ့ဆက်သွားတိုးသွားရမလဲ။
အားကျခြင်း နဲ့ မနာလိုခြင်းဟာ တစ်ကယ်ကို အလွှာပါးပါးလေးပါပဲ။ ဘာကြောင့်ဆို အားကျခြင်းကနေပဲ မနာလိုခြင်းဟာ စတင်ဖြစ်တည်တယ်။
ဆိုကြပါစို့... လူတစ်ယောက်ကို အားကျမိတဲ့အခါ ထိုလူလိုဖြစ်အောင် ကြိုးစားတယ်။ ကြိုးစားလို့ရခဲ့ရင် ထိုလူကိုကျေးဇူးတင်ကြလိမ့်မယ်။ ကြိုးစားလို့မရတဲ့အခါကျရင်တော့ ထိုလူကိုမနာလိုဖြစ်မယ်၊ အပြစ်မြင်လာလိမ့်မယ်။
The Fox and The Grapes fable ထဲကလိုပဲ မြေခွေးဟာ စပျစ်သီးတွေကို ဘယ်လောက်ကြိုးစားကြိုးစား မရနိုင်တဲ့အခါ စပျစ်သီးတွေကို ချဉ်တယ်လို့ သမုတ်တယ်လေ။ အဲ့ဒီလိုပဲ လူတွေဟာ သူတို့မရနိုင်တာကို ကြိုးစားယူရင်းကနေ နောက်ဆုံးလက်လျော့ပြီး ထိုအရာကို အပြစ်တင်လိုက်ကြတာပါပဲ။
ဒါက လောကကြီးရဲ့ ရိုးရှင်းလွန်းတဲ့ လှည့်ကွက်လေးတစ်ခုပေမယ့် လူတိုင်းက အဲ့လှည့်ကွက်ထဲမှာ လည်ပတ်နေကြတုန်း။
ငယ်ငယ်ကတည်းက အားကျခဲ့ရတဲ့ Boss Xiao ကို ဒီတစ်ခါတော့ သူ မနာလိုဖြစ်မိရပြန်တယ်။ မိဘတွေဟာ Boss Xiao ကို အမြဲချီးကျူးပါတယ်။ Boss Xiao နဲ့ နှိုင်းယှဉ်ပြီး ဆူတိုင်း သူ သွားတိုင်ဖြစ်တယ်။ အဲ့အခါကျရင် Boss Xiao က နူးညံ့တဲ့အပြုံးလေးနဲ့ လူတွေဟာမတူညီကြောင်းကို ရှင်းပြလိမ့်ရှိတယ်။ လူတစ်ယောက်ကို အားကျဖို့မလိုပဲ ကိုယ် ကိုယ်တိုင်ကိုပဲ အကောင်းဆုံးရှင်သန်သွားဖို့ ပြောလေ့ရှိတယ်။
ဝမ်ရိပေါ်ကိုလဲ သူ့မှာ အားကျခဲ့ရတာပါပဲ။ စကားသိပ်မပြောဘဲ အေးစက်တတ်ပေမယ့် ဝမ်ရိပေါ်က နွေးထွေးတဲ့ လူကောင်းတစ်ယောက်ပါ။ စကားတွေအများကြီးမပြောတာဟာ အလိမ်အညာတွေ နည်းအောင်လို့တဲ့။ လိမ်ညာတာကို မုန်းတဲ့ ဝမ်ရိပေါ်ကို သူကတော့ လိမ်ညာထားမိတာပါပဲ။
YOU ARE READING
Aquarium, Aloe Vera and Alyssum (Completed)
Fanfictionအချစ်လို့ပြောရင် Aquarium Aloe Vera Alyssum လို့ပဲဖြေမယ်။ It's BJYX! Mature on! read at your own risk :D