Aquarium, Aloe Vera and Alyssum~31~

654 41 4
                                    

Scroll down for Zawgyi thank youuu<33

~ ~ ~ ~

Aquarium

Court of Law

အချိန်တွေတရွေ့ရွေ့ ကုန်ဆုံးသွားပြီးနောက်တော့ Mr. Wang ကို ရုံးထုတ်ဖို့အချိန်ကျရောက်လာခဲ့ပါပြီ။ Mr. Wang ဟာ လူသတ်မှုကို ပိုက်ဆံပေးခိုင်းစေတဲ့ အဓိက တရားခံနဲ့ မတူလောက်အောင်ကို တည်တည်ငြိမ်ငြိမ် ရှိနေတယ်။ သူထောင်ကျမှာကိုလည်း မပူပင်သလို။

ရှောင်းကျန့်တို့ဘက်မှာ သက်သေအလုံအလောက်ရှိနေပြီး ဒါတွေအကုန်လုံးကိုလည်း တရားသူကြီးနဲ့ ဂျူရီလူကြီးမင်းတွေဆီ ပို့ထားပြီးပြီ။ Mr. Wang သာ သာမန်လူတစ်ယောက်ဆိုရင် ဒါက ထောင်တန်းကျစေဖို့ လုံလောက်တာထက်ပိုနေပါပြီ။ ဒါပေမဲ့ တရားမျှတမှုအရတော့ Mr. Wang မှာလဲ ပြန်လည်ချေပခွင့်ရှိတယ်။

တရားရုံးရှေ့မှာတော့ သတင်းထောက်အုပ်လိုက်ကြီးရှိနေတယ်။ တရားရုံးက ၉ နာရီမှ စမှာဖြစ်ပေမဲ့ ၇း၄၅ လောက်ထဲက လူတွေစုအုံနေခဲ့တာ။ နယ်ပယ်တစ်ခုဆီမှာ ဦးဆောင်နေကြတဲ့ လူနှစ်ယောက်ရဲ့ တရားခွင်ဖြစ်လို့ ပို့လို့တောင်စိတ်ဝင်စားနေကြသေးတယ်။

လက်ထိပ်နဲ့ ရောက်လာတဲ့ Mr. Wang ရဲ့မျက်နှာဟာ သူအပြစ်မလုပ်ထားသလိုပဲ တည်ငြိမ်နေခဲ့လို့ သတင်းထောက်တွေရော ဒီသတင်းကိုစိတ်ဝင်စားလို့ ရောက်နေတဲ့ လူတွေပါ ဇဝေဇဝါဖြစ်ကုန်တယ်။

ရှောင်းကျန့်နဲ့ ဟွားလျှို့ရောက်လာတော့ အကုန်လုံးရဲ့ အာရုံက ရှောင်းကျန့်တို့ဘက်ကို လှည့်သွားပြန်ရော။ ဘာကြောင့်လဲဆိုတော့ အနားယူထားပြီဖြစ်တဲ့ ရှောင်းကျန့်ရဲ့ အဖေဖြစ်သူပါ ရောက်ရှိလာခဲ့လို့ပဲ။ ရှောင်းအိမ်တော်ရဲ့ မိတ်ဖက် လော့အိမ်တော်လည်း ရောက်လာခဲ့တယ်။

Mr. Wang နဲ့ ရှောင်းကျန့်နဲ့ မျက်လုံးချင်းဆုံသွားတဲ့ အခါမှာ ‌ရှောင်းကျန့်က ဆွဲဆောင်မှုရှိစွာ ပြုံးပြလာတယ်။ Mr. Wang က ရှောင်းကျန့်ရဲ့ အောင်နိုင်သူ အပြုံးကို မနှစ်မြို့စွာပဲ တရားရုံးထဲကို ခပ်သွက်သွက်ဝင်သွားတယ်။

သတင်းတိုက်တွေကတော့ တရားရုံးအပြင်ဘက်ကပြိုင်ဆိုင်မှုလို့ ခေါင်းစဉ်တပ်ဖို့ ဆုံးဖြတ်သွားပြီ။ သတင်းတိုက်ထပ် မြန်ဆန်တဲ့ ဆိုရှယ်မီဒီယာမှာတော့ ရှောင်းကျန့်ရဲ့ အောင်နိုင်သူ အပြုံးနဲ့ Mr. Wang ရဲ့ ကျရှုံးခန်းဆိုပြီး hot search တွေ၊ popular now  တွေ ဖြစ်ကုန်ပြီ။

Aquarium, Aloe Vera and Alyssum (Completed)Where stories live. Discover now