Aquarium, Aloe Vera and Alyssum~13~

780 61 0
                                    

It took hours to find the Gif so enjoy! The fact I want to say is "Wang YiBo is my boyfriend" :33

In this part, I'm going to talk about Sean's Passion Fruit Travel Agency and Wang's Decagon Company. If you feel bored, you can skip. <33 

scroll down for Zawgyi thank you.

~ ~ ~ ~

Sean Xiao Zhan's Passion Fruit Travel Agency

'သင့်ရဲ့ Holiday တွေအတွက် ခိုင်မာသေချာတဲ့ အစီအစဉ်တစ်ခုကိုရွေးချယ်ချင်ရင် 'ပင်မှည့်သီး' ခရီးသွားလုပ်ငန်းစုကိုဆက်သွယ်လိုက်ပါ'

ဒီစာစုလေးက ရှောင်းကျန့်ငယ်ငယ်လေးကတည်းက သဘောကျခဲ့ရတဲ့စာစုလေးမို့လို့ အဖေဖြစ်သူရဲ့လုပ်ငန်းစုကို လွှဲပြောင်းယူချိန်မှာတောင် သူမပြောင်းလဲခဲ့ဘူး။ ဘာကြောင့်လဲဆိုရင် လူတွေကိုပျော်ရွှင်စေချင်တာ ရှောင်းကျန့်ဆန္ဒဖြစ်နေခဲ့လို့ပါပဲ။ မိသားစုနဲ့အတူ ပျော်ရွှင်စရာနေ့ရက်တွေကိုဖြတ်သန်းနိုင်စေဖို့ 'ပင်မှည့်သီး' ခရီးသွားလုပ်ငန်းစုက အပြည့်အဝတာဝန်ယူပေးမည်။ပြည်တွင်းခရီးသွားတစ်ခုတည်းမဟုတ်ပဲ ပြည်ပမှာလဲ Agency အခွဲလေးတွေရှိသေးသည်။ 

'ပင်မှည့်သီး' လုပ်ငန်းစုက ရှောင်းကျန့်လက်ထဲ လွှဲပြောင်းပြီးနောက်ပိုင်းမှ တစ်ဟုန်ထိုး တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ခရီးသွားကားကြီးတွေ နဲ့ ခရီးသွားလေယာဉ်တွေလဲ ပိုင်ဆိုင်သည်။ 'ပင်မှည့်သီး' လုပ်ငန်းစုထက်မြင့်တာ အစိုးရပိုင် ခရီးသွားလုပ်ငန်းစု တစ်ခုသာရှိတော့သည်။ အစိုးရပိုင် နှင့် ပုဂ္ဂလိပိုင် ဆိုသည့်အလျောက် ကွာခြားချက်တွေတော့ရှိတော့သည်။ ပုဂ္ဂလိကပိုင် လုပ်ငန်းစုဖြစ်သည့်အတွက် အခွန်ပေးဆောင်ရသည်။ လုပ်ငန်းကြီးလျှင်ကြီးသည့်အလျောက် ပေးဆောင်ရသည့် အခွန်လည်းများပေသည်။

"Boss...Flight တစ်ခုက
ရာသီဥတုတအားဆိုးနေတယ်တဲ့
ကုန်းလမ်းရော လေကြောင်းလမ်းရော
လုံးဝအဆင်မပြေဘူးတဲ့"

ပုံမှန်ဆို အခက်အခဲတွေကို မန်နေဂျာကပဲ ဖြေရှင်းရသည်။ refund လိုချင်သည့်ခရီးသည်ဖြစ်မှ ရှောင်းကျန့်ဆီ ရောက်လာကာ ရှောင်းကျန့်ကဖြေရှင်းပေးရသည်။ ရှောင်းကျန့်ကိုအသိမပေး‌ဘဲ refund ပြန်အမ်းခွင့်မရှိ။

"အဲ့ဒီမြို့က Hotel တစ်ခုမှာ
ချိတ်ပေးဖို့အဆင်မပြေဘူးလား"

"ဟိုဘက်ကိုအချိန်မှီရောက်မှဖြစ်မယ်လို့
ပြောတယ် Boss..."

Aquarium, Aloe Vera and Alyssum (Completed)Where stories live. Discover now