Aquarium, Aloe Vera and Alyssum~21~

651 49 4
                                    

Scroll down for Zawgyi thank you.

~ ~ ~ ~

ဝမ်ရိပေါ်ရဲ့ ရင်ခွင်ကျယ်က နွေးထွေးမှုကိုပေးနေဆဲ၊ လုံခြုံမှုကိုပေးနေဆဲပါ။ ထိုနွေးထွေးမှုတွေ၊ လုံခြုံမှုတွေကို လက်ခံတဲ့ ရှောင်းကျန့်ကိုယ်တိုင်မှာသာ အစ်ကိုဖြစ်သူအတွက် လိပ်ပြာမလုံသလို၊ ဟွားလျှို့အတွက်လည်း တာဝန်မကျေသလို ခံစားနေရတယ်။

ဝမ်ရိပေါ်ကို မုန်းဖို့လည်းမကြိုးစားချင်ပါဘူး။ အဖေဖြစ်သူလုပ်တဲ့အပြစ်အတွက် သားက တာဝန်ယူရမယ်လို့မှ မရှိဘဲ။ အပြစ်လုပ်သူကသာ အပြစ်ကိုခံရမယ်လေ။ အဲ့ဒီအတွက် Mr. Wang ကိုထောင်ထဲပို့ဖို့ကို သူတုံ့နှေးနေမှာမဟုတ်ပေမယ့် ဝမ်ရိပေါ် သူ့ကို ဆက်ချစ်နေဦးမလားကိုတော့ တွေးပူမိပါတယ်။ ရှောင်းကျန့်ဘဝက ငါးကန်ထဲကငါးလေးနဲ့တောင်တူနေသေးတယ်။ လွတ်မြောက်ရာလမ်းကို မြင်နေရပြီး ထိုလမ်းကနေသွားဖို့ လုပ်လိုက်တိုင်းမှာ ကန်ဘောင်ကိုသာ ဝင်တိုက်မိနေတယ်။

သူ့ချစ်သူကိုတော့ သူတမေ့တမော ငေးကြည့်နိုင်သေးပါတယ်။ ဘယ်သူမှ လာတားလို့မှ မရတာပဲ။ ဝမ်ရိပေါ်ရဲ့ စူးရှတဲ့မျက်ဝန်းတစ်စုံက ပိတ်ကားချထားချိန်မှာတော့ ပကတိဖြူစင်လှတယ်။ ထိုမျက်ဝန်းတွေမှာငြိတွယ်ပြီး ရုန်းမထွက်နိုင်သလို ထိုမျက်ဝန်းတွေနဲ့ဝေးကွာရတော့မယ်ဆိုတဲ့အသိကလည်း သူ့ကို ခြောက်လှန့်နေပါတယ်။

"အဲ့လိုဆက်ကြည့်နေဦးမယ်ဆိုရင်
တစ်ပွဲတစ်လမ်းနွှဲမိသွားလိမ့်မယ်
ကျွန်တော့်ချစ်သူလေး
စိတ်မကြည်ချိန်မှာ
အတင်းအကြပ်မလုပ်ချင်ဘူး
ပြန်အိပ်တော့ နေတောင်မထွက်သေးဘူး"

ရှောင်းကျန့်ကို ပိုတိုးဖက်လိုက်ပြီး အိပ်ရင်းယောင်သလိုစကားတွေပြောသွားတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်ရယ်မိသွားတယ်။ ရိပေါ်ရဲ့ ရင်ခွင်ထဲ ပိုတိုးဝင်လို့ အိပ်စက်ခြင်းဆီကိုအလည်သွားဖို့ကြိုးစားတော့ ရိပေါ်က ဆံနွယ်တွေကြားတိုးဝင်နမ်းရှိုက်တယ်။ အနမ်းနွေးနွေးတွေကြားမှာပဲ ထပ်မံ အိပ်ပျော်သွားရပြန်ပါကော။

အကယ်၍...အကယ်၍ပေါ့လေ...ဒီကိစ္စပြီးလို့ ရိပေါ်သာ သူ့အနားမှာဆက်ရှိနေဦးမယ်ဆိုရင် . . .။ စီးပွားရေးလောက ကနေ အနားယူပြီးရင်တောင် သူထွက်မသွားတော့ဘူး။ အဝေးတစ်နေရာမှာ ဇာတ်မြှုပ်ပြီးလဲမနေတော့ဘူး။ ပျောက်ကွယ်သွားဖို့လဲ မကြိုးစားတော့ဘူး။ ဝမ်ရိပေါ်ရှိတဲ့နေရာမှာ ရှောင်းကျန့်လည်းရှိမယ်။ ဝမ် နဲ့ ရှောင်း တစ်သက်မခွဲတမ်း အတူနေသွားကြမယ်။ စိတ်ကူးယဉ်တယ်ဆိုတာမဖြစ်နိုင်တာတွေကို စိတ်ထဲကနေတွေးတောတာမျိုးမလား။ အင်း...ရှောင်းကျန့်မှာစိတ်ကူးယဉ်ပိုင်ခွင့်တော့ရှိပါသေးတယ်။

Aquarium, Aloe Vera and Alyssum (Completed)Where stories live. Discover now