(Unicode & Zawgyi)
အားလုံးပဲ မဂ်လာပါခင်ဗျာ။
ကျွန်တော်ကတော့ ဆောင်းနေခြည်ဖြစ်ပါတယ်။
ကျွန်တော့်ကို အစတည်းက သိနေပြီးသား လူတွေရော အခုမှ သိဖို့ ကြိုးစားနေတဲ့ သူတွေကိုရော ဒီficလေးနဲ့ အတူ တွေ့ဆုံခွင့်ရတာ ဝမ်းသာမိပါတယ်။အရင်က တစ်ဝက်လောက်အထိ ဖတ်ထားပြီးသား လူတွေကို ပြောချင်တာကတော့ ထပ်ပြီးတော့ ရိုမန့်ဂီတလေးနဲ့ ပြန်ဆုံကြရပြန်ပါပြီနော်။
မြန်မာနိုင်ငံကို အခြေခံရေးထားတာမျိုး မဟုတ်ဘဲ ရေးနေကျဖြစ်တဲ့ ကိုယ်ပိုင် world ထဲမှာ ဇာတ်အိမ်ကို အခြေချထားပါတယ်။
သဏ္ဌာန်ဆန်း fic ထဲကလို စာရေးသူ ဖန်တီးထားတဲ့ နိုင်ငံမျိုးပါ။လက်တွေ့မြန်မာပြည်နဲ့ မတူနိုင်တာ တချို့က ဥပဒေနဲ့ ဓလေ့စရိုက်တွေ၊ အချို့သော လုပ်ထုံးလုပ်နည်း အရာတွေ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာရောပေါ့။ အဓိကကတော့ လိင်တူလက်ထပ်ခြင်းဆိုင်ရာ ဥပဒေသကို ခွင့်ပြုထားပြီးသား နိုင်ငံမျိုးပဲဖြစ်ပါတယ်။
ဒီ ficလေးကို ၂၀၂၁ မေလထဲမှာ စပြီး update လုပ်ခဲ့ဖူးပါတယ်။ အကြောင်းကြောင်းကြောင့် ရေးဖြစ်လိုက် မရေးဖြစ်လိုက်နဲ့ အပြီးမသတ်နိုင်ခဲ့ပါဘူး။ သူ့ကို ရေးမပြီးခင် ကြားထဲမှာ ဧသာန်နွေရိပ်တို့နဲ့ လွှမ်းစမ်းတို့ fic နှစ်ခုတောင်မှ အပြီးသတ် ရေးသားလိုက်ရပါတယ်။
ဒါလေးက ကပ်ဆိုက်နေသလားတောင် ထင်ရတယ်။ အကြာကြီး စောင့်ပေးခဲ့ရတဲ့ လူတွေကိုလည်း တကယ်ကြီး အားနာခဲ့ရတယ်။ ရိုမန့်ဂီတလေးကို မျှော်နေတယ်နော်လို့ တစ်နေရာရာကနေများ လာပြောခဲ့ရင် ကျွန်တော့်မှာ မျက်နှာတွေ ပူခဲ့ရတာ။ ရေးချင်တဲ့စိတ်ပဲ ရှိခဲ့ပြီး မရေးနိုင်ခဲ့တာလေးပါ။
အခုတော့ အပြီးသတ်ထိ ရေးသားနိုင်ခဲ့ပါပြီ။
အစအဆုံး ရေးပြီးမှ တင်ဖြစ်တော့မယ်လို့ ပြောခဲ့တဲ့အတိုင်း အခုတင်ပါတော့မယ်နော်။ 💛
တစ်နေ့ နှစ်ပိုင်းနှုန်းနဲ့ ပြန်တင်ပေးပါ့မယ်။ဒီဇာတ်လမ်းလေးက နာမည်ကြီး တေးရေးဆရာ ငယ်ငယ်လေး တစ်ယောက်နဲ့ single father လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။
YOU ARE READING
ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)