စွဲမြတ်ထင်သာ၏ ကွန်ဒိုတိုက်ခန်း အရှေ့တွင် ဦးဝေလျှံ၊ ဒေါ်မြတ်ဟေသာနှင့် ယွန်းမြတ်ထင်သာတို့ ရောက်နေခဲ့ကြသည်။ တံခါးအနားက doorbell ကို အခါခါနှိပ်သူက နှိပ်နေသည်။ စွဲမြတ်ထင်သာရဲ့ ဖုန်းကို ခေါ်သူက ခေါ်သည်။ တုံ့ပြန်မှု တစ်စုံတစ်ရာရယ်လို့ မရသည့်အခါကျမှသာ ဦးဝေလျှံက password ရိုက်နှိပ်၍ အိမ်ထဲအတင်းဝင်ရန် ကြိုးစားရတော့သည်။
မိသားစုတွေရော TAကဦးလေး နှစ်ယောက်ကပါ ဖုန်းတွေဆက်နေခဲ့ပေမဲ့ မနေ့ကတစ်ရက်လုံး အဆက်အသွယ်မရခဲ့ကြ။ ဒီနေ့အထိ ဖုန်းဆက်လို့ မရသည့် အဆုံးမှသာ အိမ်အထိ ရောက်လာကြရခြင်းသာ။
အိမ်ထဲဝင်လိုက်သည်နှင့် ပြိုလဲပျက်စီးနေသော ပစ္စည်းအသီးသီးက သူတို့ကို စောင့်ကြိုနေလေသည်။ အိမ်ထဲက ရှိသမျှသော ပစ္စည်းအတော်တော်များများက ရိုက်ချိုးဖျက်ဆီး ခံထားရသည်။ ကွဲအက်နေသည့် မှန်တွေ၊ လဲပြိုနေသော ပရိဘောဂတွေ၊ ပစ်ချခံထားရသည့် ပန်းအိုးကွဲတွေနဲ့ ဖန်ခွက်တွေ။ အရာအားလုံးဟာ တစ်စစီပင်။ အသန့်အပြန် ကြိုက်တတ်သည့် လူတစ်ယောက်ရဲ့အိမ်က မမှတ်မိနိုင်လောက်အောင် ပြောင်းလဲနေခဲ့၏။
ကြမ်းပြင်တချို့ အပေါ်မှာလည်း အရက်ပုလင်းအခွံတွေက အမျိုးအစားတစ်ခုမက။ စွဲမြတ်ထင်သာ ကွန်ဒိုက ဘားအသေးစားလေးပါ ထည့်သွင်းထားတာဖြစ်သည်။ အခုတော့ ထိုဘားကောင်တာအပေါ်မှ ပုလင်းတွေက နေရာတစ်ကွက်စာ လျော့လို့ပင် နေလေပြီ။
“ဒီကောင်လေး ဘယ်လောက်တောင်မှ သောက်ထားရတာလဲ အမလေး”
ဒေါ်မြတ်ဟေသာက ရင်ဘတ်ဖိနေရ၏။“မေမေနဲ့ အန်ကယ်ဝေလျှံ အောက်ကို ကြည့်လျှောက်ကြနော် ဖန်ကွဲစတွေ ရှိနေတယ်”
ယွန်းမြတ်ဟေသာက လူကြီးတွေကို သတိပေးလိုက်ရသည်။သူတို့အားလုံး အိမ်တွင်းစီး ဖိနပ်အပါးတွေပင် မလဲဖြစ်ကြတော့ပါ။ စီးလာသည့် ဖိနပ်နဲ့သာ ဒီအတိုင်း အထဲထိ ဝင်လာလိုက်ရသည်။ ပျက်စီးကွဲအက်နေသည့် အရာတွေကို ရှောင်ရှားရင်းနဲ့ နောက်ဆုံးမှာ စွဲမြတ်ထင်သာကို တွေ့သွားကြသည်။ မှောင်မည်းနေသည့် အိပ်ခန်းထဲမှာ တစ်ယောက်တည်း လှဲအိပ်နေသည့်ကောင်လေး။
YOU ARE READING
ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)