21-Z

1.8K 56 0
                                    

စွဲနဲ့ နေ့ယံတို့ နှစ်ယောက်သား သီချင်းဆိုပြီး အိမ်ပြန်ရောက်လာသည်နှင့် အလုပ်များနေကြရသည်။ ဒေါ်မြတ်ဟေသာ ထည့်ပေးလိုက်သည့် ဟင်းအမယ်တွေက လေးငါးမျိုးမက။ တချို့ကို သိမ်းဆည်းပြီး တချို့ကို ညစာအတွက် သူတို့ ပြင်ဆင်ထားလိုက်ရသည်။

ညစာအတွက် အထူးတလည် လုပ်ကိုင်ရန် မလိုအပ်တော့သော်လည်း လျှော်စရာ အဝတ်တွေနှင့် အိမ်သန့်ရှင်းရေးကတော့ လုပ်ရန် လိုအပ်နေသည်‌လေ။ လူသုံးယောက်လုံး၏ အဝတ်တွေက လျှော်ရန် ပုံနေခဲ့ပြီး အိမ်သန့်ရှင်းရေး မလုပ်ဖြစ်သည်ကလည်း တစ်ပတ်ခန့် ရှိနေ‌၏။ အိမ်အတွင်းမှာ ဖုန်တချို့နှင့် ရှုပ်ပွနေသည့် နေရာတွေကလည်း များနေခဲ့သည်။

အိမ်အလုပ် ဟူသည်က နေ့စဉ် လုပ်ကိုင်နေရသည့်တိုင် လုပ်စရာတွေက မကုန်နိုင်ပေ။ မလုပ်ဘဲ ပစ်ထားပါက ပို၍ပင် ဆိုးသေး၏။လျှော်ရန် အဝတ်တွေကို ဒိုဘီဆိုင် အပ်ဖို့ နေ့ယံ ပြောပေမဲ့ စွဲက လက်မခံ။ အိမ်သန့်ရှင်းကအစ သူကိုယ်တိုင်ပဲ လုပ်သည်။

"စွဲ ..."

"ဗျာ ..."

"အခုတလော မင်းမအားဘူးလားဟင် ...ကျောင်းစာတွေနဲ့ အလုပ်ရှုပ်နေလို့လား ..."

"ဒီလိုပါပဲ ..ဘာဖြစ်လို့ မေးတာလဲ ကိုနေ့က ..."

"အိမ်ထဲမှာလည်း ရှုပ်ပွပြီး ဖုန်တွေချည်းပဲ ...လျှော်ရမဲ့ အဝတ်တွေကလည်း အများကြီး ...လုပ်စရာ အလုပ်တွေက ပုံနေလို့လေ ...အိမ်အလုပ်‌တွေ လုပ်ဖို့ မင်းများ မအားလို့လားလို့ ..."

နေ့ယံ ကျောက်ပတ်တီး မဖြည်ရသေးမချင်းမှာ အိမ်အလုပ် အတော်များများကို စွဲကသာ တာဝန်ယူထားတာ ဖြစ်သည်။ အခုတလောမှာ စွဲမြတ်ထင်သာကလည်း မအားမလပ် ဖြစ်နေပုံရသည်။ အိမ်မှာ လုပ်စရာ အလုပ်တွေက ပုံနေခဲ့သည်ကိုပဲ ကြည့်။

"မင်း မအားရင် ငါ့ကို အားမနာဘဲ ပြောနော် ...ငါ့အရိပ်အခြည်ကိုပဲ ကြည့်မနေနဲ့ ...အိမ်အလုပ်တွေ ငါ့ဘာသာပဲ လုပ်လိုက်ပါ့မယ် ..."

"ကိုနေ့မှ ပတ်တီးမဖြည်ရသေးတာ ...ကျွန်တော်ပဲ လုပ်ပါ့မယ်ဗျာ ..."

"လက်က တစ်ဖက်တည်း မကောင်းတာပါ ...နိုင်သလောက် ကိုယ့်ဘာသာ ကြည့်ကျက်ပြီး လုပ်လို့တော့ ရပါတယ်ကွာ ..."

ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)Wo Geschichten leben. Entdecke jetzt