လမ်းပင် ဖြောင့်အောင် မလျှောက်နိုင် ဖြစ်နေသည့် လူကိုကြည့်ပြီး စွဲမြတ်ထင်သာ မျက်မှောင်ကုတ်သွားရသည်။ ဆောင်းနေ့ယံက သူ့ကို နီရဲနေသော မျက်လုံးတွေနှင့် ပြန်ကြည့်နေသေး၏။
"ဘာလို့ ဒီအချိန်မှ ပြန်လာရတာလဲ"
နေ့ယံက ပြန်မဖြေဘဲ သူ့အခန်းအထိ လျှောက်ဝင်သွားလိုက်သည်။
"ကိုနေ့ ကျွန်တော် မေးနေတယ်လေ"
လက်ကို လှမ်းဆွဲလိုက်ပေမဲ့ ဆောင်းနေ့ယံကတော့ ပြန်ရုန်းလိုက်လေ၏။ ပြီးတော့ ဒေါသအငွေ့အသက် စွက်နေသည့် အကြည့်တချို့နဲ့ စွဲကို ကြည့်နေခဲ့၏။"ဘာဖြစ်လာတာလဲ"
ထပ်ပြီး နေ့ယံလက်ကို ဆွဲလိုက်တော့ ထပ်ပြီး ရုန်းနေပြန်သည်။
"ငါ့ကို မထိနဲ့"
"ကိုနေ့ ဘာဖြစ်နေတာလဲ...ကျွန်တော် ကိုနေ့ကို လာမကြိုမိလို့လား...မယု ဖုန်းခေါ်တုန်းက ကားထဲမှာ ကျွန်တော့်ဖုန်း ကျန်နေခဲ့လို့ပါ...မယု စာပို့ထားတာကို မြင်မြင်ချင်းပဲ ကျွန်တော် တန်းပြန်လာလိုက်တာ"
A3ရဲ့ ပါတီမှာ အသိတွေရယ် TAက လူတွေရယ်နဲ့ ရှိနေတာမို့ သူအပျော်လွန်နေခဲ့မိတာ ဝန်ခံသည်။ ရောင်းအား အကောင်းဆုံး Album အဖြစ် မှတ်တမ်းဝင်ခဲ့တာကြောင့် ပါတီလုပ်ဖြစ်ကြခြင်းသာ။ ထို Album ထဲမှာ သူရေးပေးထားသည့် သီချင်းတွေလည်း ပါဝင်နေခဲ့သည်မို့။ အောင်ပွဲခံခြင်း ပါတီမှာ သူကောင်းကောင်း ကဲနေခဲ့သေးသည်။
ညနက်လာတော့ ကိုနေ့ကို သတိရသွားမိသည်။ ဖုန်းဆက်ရန် သတိရတော့မှ ဖုန်းက ကားထဲမှာ ကျန်ခဲ့တာကို သိလိုက်ရ၏။ ဖုန်းသွားယူလိုက်တော့မှ မယု ဖုန်းခေါ်ထားတာတွေနဲ့ စာတွေပို့ထားခြင်းအား မြင်မိခြင်းပင်။
ဇွဲသီဟဆိုသည့်လူနှင့် ကိုနေ့ပါသွားကြောင်း သူသိသိချင်း မနေနိုင် မထိုင်နိုင် ဖြစ်သွားရသည်။ ပါတီကနေ ချက်ချင်းပဲ ပြန်လာမိရသည်အထိပင်။ ပါတီထဲက လူတွေ အတင်းဆွဲထားကြပေမဲ့ သူမနေနိုင်တော့ပေ။ ရည်းစားကို စိတ်မချလို့ ပြန်တော့မယ်ဟု သူပြောလိုက်တော့ လူတွေက ရယ်ကြသည်။
YOU ARE READING
ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)