(Unicode & Zawgyi)
ဒါလေးက Singer NY နဲ့ Songwriter, Producer S တို့ရဲ့ လူသိရှင်ကြား ထုတ်ဖော်ပြောကြားမှုတွေ အပြီးမှာ သတင်းနှစ်ခုကို ပရိတ်သတ်တွေ အမြင်မှတ်ချက်ပေးထားမှုတွေသာ ဖြစ်ပါတယ်။
စာဖတ်သူတွေလည်း လိုက်ပါ သုံးသပ်ရေးသားနိုင်ပါတယ်လို့။ 💛/
/
/“ Songwriter, Producer S & Singer NY တို့ရဲ့ Dating News ”
“လတ်တလောမှာ ပရိတ်သတ် အများအပြား အလွန်နှစ်သက် သဘောကျနေကြရတဲ့ Singer NYရဲ့ ငါတို့နှစ်ယောက်ရဲ့ ရိုမန့်ဂီတ သီချင်းထဲကအချစ်ရေးဟာ အပြင်လက်တွေ့မှာပါ တကယ်တည်ရှိနေကြောင်း သိလိုက်ရပါပြီ။
အဆိုပါ သီချင်းလေးဟာ ချစ်သူနှစ်ယောက်ရဲ့ အချစ်ရေးအကြောင်းကို ရေးစပ်ထားခြင်းပဲ ဖြစ်ပါတယ်။
၎င်းသီချင်းကို ရေးသားဖန်တီးထုတ်လုပ်ခဲ့သူနဲ့ သီဆိုခဲ့သူ အဆိုရှင်တို့ဟာ တကယ့်လက်တွေ့မှာပါ ချစ်သူတွေ ဖြစ်နေကြပါတယ်။
ပထမဆုံး အနုပညာခြေလှမ်းနဲ့တင် အောင်မြင်မှုတွေ ထိုးတက်လျက်ရှိနေတဲ့ Singer NY ဟာ အခုလို အချိန်မှာပဲ သူတို့ရဲ့ အချစ်ရေးအကြောင်းကို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
သူတို့နှစ်ဦးသားဟာ အယ်လ်ဘမ်ကို မဖန်တီးခင် အချိန်တည်းက ချစ်သူတွေ ဖြစ်နေခဲ့ကြကြောင်း Singer NY က ဖြေဆိုထားပါတယ်။
သူတို့ရဲ့ အချစ်ရေး စတင်ခဲ့ပုံအကြောင်းကိုတော့ အသေးစိတ် ပြောကြားသွားခြင်း မရှိပါဘူး။
သူတို့နှစ်ဦးဟာ အချစ်ရေးမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတွေနဲ့ ဆက်လက်တည်ရှိနေကြောင်း ၎င်းက ဖြေကြားထားပါတယ်။ ”cm/1
“ငါက ဒီလခြမ်းကွေးမျက်လုံးလေးကို အခုမှ ကြူးမလို့ ကြံနေတာလေ၊ သူက Dating News တောင် ထွက်လာပြီတဲ့လား”cm/2
“အပေါ်ထပ်က အစ်မရေ ကျွန်မလည်း ဒီလိုပဲ၊ အခုမှ ငါ့ကလေးလေးဆိုပြီး ကြူးနေတုန်း ရှိသေးတယ်၊ သူက ဘဲရနေပြီတဲ့၊ အမလေး ငါလေး နာကျင်”cm/3
“ရင်ကွဲတယ်ဆိုတာ ဒါမျိုး၊ ဒါပေမဲ့လည်း ဆက်အားပေးနေဦးမှာပဲ၊ သီချင်းဆိုတာ အရမ်းတော်လွန်းတယ်၊ NY ရေ congratulationsပါ”
YOU ARE READING
ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)