18_Z

2.7K 131 1
                                    

နှစ်ထပ်အိမ် လုံးချင်းလေး၏ ခြံဝင်းထဲကို ခြေချလိုက်မိသည်နှင့် ဆောင်းနေ့ယံ ပြုံးမိရသည်။ နောက်ဆုံးတော့ သူအိမ်ပြန်လာနိုင်ခဲ့လေပြီ။ သူနေထိုင်သည့် အရပ်အဝန်းလေးက အရင်ကအတိုင်း တိတ်ဆိတ်ငြိမ်သက်လျက်။ အရင်ရက်တွေတုန်းက အိမ်ရှင်‌တွေလည်း မရှိသလို အိမ်ငှား‌လေးလည်းမရှိနေခဲ့သော သူတို့အိမ်လေး။
ယခုတော့ သူတို့အားလုံး ပြန်ရောက်လာခဲ့ကြလေပြီ။

ဆရာဝန် ခွင့်ပြုချက်ဖြင့် ဒီနေ့ပဲ ဆေးရုံကနေ ဆင်းခွင့်ရခဲ့တာ ဖြစ်သည်။ ဒဏ်ရာတွေ သက်သာ၍ လူကလည်း ကျန်းကျန်းမာမာပင်။
လက်က ကျောက်ပတ်တီးကတော့ လကုန်မရောက်ခင် ရက်လောက်မှသာ ဆေးရုံမှာ သွားဖြည်ရမည်သာ။

ဆေးရုံ ဆင်းရမည့် ရက်မှာ မိုးဦးလေချိုကို ခေါ်၍ စွဲ၏အမေနှင့် အစ်မဖြစ်သူတို့က ရောက်လာခဲ့ကြသည်။ကောင်း‌နေသည့် ဘယ်ဘက်လက်နှင့် သမီးဖြစ်သူကို လက်ဆွဲကာ ဧည့်သည်တွေကို ခေါ်၍ နေ့ယံက အိမ်ထဲ အရင်ဝင်သည်။ စွဲကတော့ အထုတ်အပိုးတွေကို သယ်၍ နောက်ဆုံးမှ အိမ်ထဲ ရောက်လာခဲ့သည်။

ဒေါ်မြတ်ဟေသာနှင့် ယွန်းမြတ်ထင်သာတို့က အိမ်အထိပါ လိုက်လာခဲ့ကြပြီး ရေခဲသေတ္တာထဲမှာ စားစရာတွေ အပြည့်အစုံ လာထည့်ပေးနေကြပြန်၏။ ရေခဲသေတ္တာထဲမှာ ဘူးကြီး ဘူးငယ် အထပ်ထပ်အား ထည့်သိမ်းပြီးသည်နှင့် ချိုကိုက ယွန်းမြတ်ထင်သာကို ဆွဲခေါ်သွားတော့သည်။ သူ(မ) အခန်းကို လိုက်ပြခြင်းသာ။ ချိုကိုက စွဲတို့အိမ်မှ လူတွေကို အတော်လေး ခင်တွယ်နေပုံရသည်။ တစ်ပတ်လောက် အတူနေခဲ့ရ၍သာ တော်တော့၏။ တစ်လလောက်ဆိုလျင် ဘယ်လိုနေမည်မသိ။

သူ(မ)တို့ ထွက်သွားတော့ ထမင်းစားခန်းထဲမှာ နေ့ယံနဲ့ ဒေါ်မြတ်ဟေသာတို့သာ ကျန်ရစ်ခဲ့ကြသည်။

"‌ကျောက်ပတ်တီး စည်းထားတဲ့ လက်က ညာလက်ဆိုတော့ ဘာပဲလုပ်လုပ် ဘာပဲကိုင်ကိုင် အဆင်မပြေ ဖြစ်နေမှာ ...
ပတ်တီးမဖြည်ရသေးမချင်း ဘာမှ ချက်ပြုတ်မစားနဲ့နော် သား ...
အခုယူလာတဲ့ ဟင်းတွေ ကုန်ရင်လည်း ဖုန်းသာ လှမ်းဆက်လိုက် ...
အန်တီ လာပို့ပေးမယ် သိလား ...
ဒါမှမဟုတ်လည်း သားငယ်ကိုပဲ လာယူခိုင်းလိုက်နော် ..."

ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)Where stories live. Discover now