(ကျေးဇူးတင်လွှာ)

2.2K 294 28
                                    

(U & Z)

ထုံးစံအတိုင်းပါပဲ။ fic လေးတစ်ခု ရေးပြီးသွားတိုင်းမှာ ပြောစရာရှိနေတာလေးတွေ၊ ကျေးဇူးတင်မိတဲ့အကြောင်းလေးတွေ စသဖြင့်ပေါ့နော်။

ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတလေးဟာ ရေးသမျှထဲမှာ အချိန်အကြာဆုံး ဖြစ်ခဲ့ရပါတယ်။ ရေးချိန်ကြာခဲ့ရတာ မဟုတ်ဘဲ ရေးဖြစ်တဲ့အချိန် ကြာနေခဲ့ရတာမျိုးပါ။

Fbမှာရော ရှေ့ဆုံးက fic A/Nမှာပါ ထည့်ပြောထားတဲ့အတိုင်းပါပဲ။ အကြောင်းကိစ္စကြီးငယ်တွေတော့ ရှိခဲ့တယ်။ ဒါပေမဲ့ ဆင်ခြေပေးသလိုမျိုး ဖြစ်နေမှာစိုးလို့ အဲဒါတွေကို ရှင်းမပြတော့ပါဘူး။

အဆုံးသတ်ခရီးကို ရောက်လာနိုင်ဖို့အတွက် စာဖတ်သူတွေရဲ့ ဆော်ဩမှုတွေ ပါဝင်ခဲ့တယ်ဆိုတာကတော့ ငြင်းလို့မရနိုင်ပါဘူး။
တကယ်ဆို အခြည်/ဒီဒီက စိတ်သွားတဲ့အတိုင်း  လျှောက်လုပ်တတ်တာက များပါတယ်။
ဝုန်းဒိုင်းထလုပ်တတ်တဲ့ အကျင့်လည်း ရှိသလို၊ အချိန်အရမ်းဆွဲတတ်တဲ့ အကျင့်မျိုးလည်း ရှိနေတဲ့သူပါ။
အလုပ်တွေကို အမြဲတမ်း Deadline ကပ်မှ ထလုပ်တတ်တာများတယ်။

စာမရေးဖြစ်ခဲ့တာ အရမ်းကြာသွားတယ်။
ပြန်လာရင်လည်း လက်ဗလာနဲ့ ပြန်မလာချင်တာ‌ကြောင့် “ကိုကြီးရဲ့သက်ရှိအဆောင်”လေးနဲ့ နှစ်သစ်မှာ ပြန်လာဖို့ လုပ်ခဲ့သေးတယ်။

ဒါပေမဲ့ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ လုပ်စရာအရင်အကြွေးတစ်ခုက ကျန်နေသေးတော့ လူက စိတ်မဖြောင့်နိုင်ဘူး။ ဒါကို မပြီးဆုံးသေးဘဲနဲ့ နောက်တစ်ခု ရေးဦးမယ်ဟုတ်လား နင်တကယ်ပဲ တတ်နိုင်လို့လား။ ကိုယ့်ဘာသာပဲ ပြန်ပြန်မေးယူနေရတယ်။

နောက်ဆုံးကျတော့ အသစ်ရေးချင်နေပြီး လောချင်တဲ့စိတ်ကို ခဏဖျောက်ပြီးတော့ စိတ်ထဲကျန်‌နေသေးတဲ့ Deadline လေးကို အရင်ရေးဖြစ်သွားခဲ့ရတာ။

အခုတော့ စိတ်ကလေး ဒုံးဒုံးချသွားနိုင်ပါပြီ။
အကြာကြီးမှ အကြာကြီး စောင့်ပေးခဲ့ရတဲ့ လူတွေကိုလည်း ‌တကယ်ကို ကျေးဇူးတင်မိတယ်။
ဆက်မတင်တော့ဘူး ပြောလို့ အသည်းကွဲသလိုခံစားရတယ် ဆိုတဲ့ လူတွေကို ပိုပြီးတော့တောင် အားနာမိရသေးတယ်။

ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)Where stories live. Discover now