14_Z

2.7K 190 6
                                    

ခေါက်ရိုးကျိုးနေတဲ့ ကျွန်‌တော့်ဘဝထဲကို လူတစ်ယောက်က ဝင်ရောက်လာခဲ့တယ်။
ဖိတ်ခေါ်ခဲ့ခြင်း မရှိပါဘဲနဲ့ ဇွတ်တိုးလို့ ဝင်‌ရောက်လာခဲ့တဲ့သူ။

အစမှာ သူ့ကို ဝမ်းပန်းတသာ ကြိုဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။
ဒါ‌ပေမဲ့ တစ်နေ့မှာတော့ သူကျွန်‌တော့်အနားမှာ ရှိနေတဲ့ အဖြစ်ကို လိုလိုလားလား နှစ်သက် လက်ခံချင်မိသွားရတဲ့ အခိုက်အတန့်တစ်ခုနဲ့ ထိတွေ့လိုက်ရတော့တယ်။

(__ ဆောင်းနေ့ယံ __)

***** ***** *****

ကျွန်တော် အရမ်းနှစ်သက်ရတဲ့ ဂီတကို ပျော်ရွှင်ခြင်းအဖြစ် ခံယူထားတဲ့ လူတစ်ယောက်နဲ့ သိပ်မကြာခင်က ဆုံတွေ့လိုက်ရတယ်။

သူ့ရဲ့ ပျော်ရွှင်ခြင်း ခံယူချက်က စာအုပ်မျက်နှာဖုံးလေးပဲ ဆိုပါစို့။
ကျွန်တော်က အဲဒီစာအုပ်ရဲ့ မျက်နှာဖုံးလေးကို မြင်မြင်ချင်းပဲ သဘောကျမိသွားရတဲ့သူ ဖြစ်ခဲ့တယ်။

အတွင်းက စာမျက်နှာတွေကို ဖြည်းဖြည်းချင်း လေ့လာကြည့်မိတဲ့အခါ အဲဒီလူရဲ့ စိတ်အခြေအနေတွေကို တစ်ခုချင်းစီ ကျွန်တော် နားလည်လာမိရတော့တယ်။

စိတ်ဓာတ် ခိုင်မာတဲ့ လူတစ်ယောက်ဆီမှာ အားငယ်ပြီး ထိလွယ်ရှလွယ် ဖြစ်‌နေတဲ့ စိတ်အခြေအနေ တစ်ခုကို မမျှော်လင့်ဘဲ ကျွန်တော် တွေ့ရှိလိုက်ရတယ်။ တစ်ခုသော နေ့တစ်နေ့မှာပေါ့ ...။

(__ စွဲမြတ်ထင်သာ __)

/
/
/

စွဲမြတ်ထင်သာ ပို့ထားသော DNA စစ်ဆေးထားသည့် ရလဒ်က ငါးရက်လောက် ကြာတော့ အဖြေထွက်လို့ လာခဲ့သည်။ အစတုန်းက အကယ်၍များ ဟူ၍ တွေးမိပြီး သံသယတစ်ခုနှင့် စစ်ဆေးကြည့်ခဲ့ခြင်းသာ။ တကယ်တမ်း ရလဒ်ထွက်လာတော့လည်း ဦးလေးဖြစ်သူ၏ သွေးသားအရင်း အမှန်စင်စစ် ဖြစ်နေခဲ့လေသည်။

ပြဿနာက အခုမှသာ စတင်တော့မည် ထင်သည်။
TA နဲ့ ရောယှက်ဖို့ ဆောင်းနေ့ယံကို သူ စတင် ချဉ်းကပ်ခဲ့တာ မှန်သော်လည်း အခုလက်ရှိမှာ ထိုလူက သူ့ရည်းစား ဖြစ်နေလေပြီ။
ကလေးကိစ္စကပါ ပါဝင် ပတ်သက်လာ၍ အရာရာက ရှုပ်ထွေးလာတော့မှာ သေချာသလောက် ရှိနေသည်။

ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)Where stories live. Discover now