13_U

10.7K 1.2K 100
                                    

Boyfriend တစ်ယောက်ရဲ့ အပြုအမူတွေက ဘာတွေလဲ။ Boyfriend type တွေကရော ဘယ်နှမျိုး ရှိနေနိုင်သလဲ။ ဆောင်းနေ့ယံ နှံ့နှံ့စပ်စပ် သိပ်မသိပါ။ အရင်က ထားခဲ့ဖူးသော Exနှစ်ယောက်နှင့် အတွေ့အကြုံကလည်း ထွေထွေထူးထူး သိပ်ရှိလှတာ မဟုတ်။

ကိုယ်ကလည်း အချိန်မရသလို၊ သူတို့ဘက်ကလည်း အလုပ်တွေ အားလပ်ခြင်း မရှိခဲ့။ သူတို့ကို အပို့အကြုံ လုပ်‌ေပးဖို့ နေနေသာသာ ဆောင်းနေ့ယံ ကိုယ်တိုင်ပင် အချိန်လုနေရသည့်လူ။ သူတို့ဘက်ကလည်း ဆောင်းနေ့ယံကို နေ့စဉ်နဲ့အမျှ အလုပ်နဲ့အိမ်သို့ အပို့အကြို မလုပ်ခဲ့ဖူးကြ။

သုံးယောက်မြောက် ကောင်လေးကတော့ ဆောင်းနေ့ယံအတွက် ထူးခြားနေခဲ့သည်။ အလုပ်သွား အလုပ်ပြန် အပို့အကြို မှန်မှန်လုပ်နေပေးခဲ့သည်က စတွဲသည့် နေ့မှစ၍ လေးရက်မြောက်ပင် ရှိလာခဲ့လေပြီ။ ဆိုင်ကို အမြဲရောက်လာတတ်၍ မယုပင် သတိထားမိနေလေပြီ။

"နင်တို့နှစ်ယောက်က ဘာတွေလဲ" ဟု မေးတော့ နေ့ယံ ခေါင်းလေးပဲ ခါပြမိသည်။ လမ်းကြုံလိုက်ပို့ပေးတာ ဟုသာ ပြန်ဖြေ၏။ သို့သော် ပထမရက်‌မှာပင် လမ်းကြုံလို့ဟု ဆင်ခြေပေးလို့ရခဲ့သည်။ နေ့တိုင်း လိုက်ပို့ လာကြိုနှင့် ဖြစ်လာတော့ မယုက မယုံတော့ပါ။ နေ့ယံကို မမေးဘဲ စွဲမြတ်ထင်သာကိုသာ တည့်တည့်သွားမေးတော့သည်။ ဟိုကလည်း သွယ်ဝိုက်မနေဘဲ ဝန်ခံ၏။ တွဲနေကြသည်တဲ့လေ။

ဒီလိုနဲ့ပဲ နေ့ယံတစ်ယောက် ရည်းစားရသွားသည့် သတင်းက ဆိုင်မှာ ပျံ့သွားခဲ့ရတော့သည်။ စွဲမြတ်ထင်သာ ဆိုင်ကို ရောက်လာပြီ ဆိုလျင် အားလုံးက "ကိုယံယံ ကောင်လေး လာတယ်ဟေ့" ဆိုပြီး သူ့ဆီ သတင်းလာပို့ကြတော့သည်။ အရင် ရည်းစားတွေနဲ့တုန်းကတောင် ဒီလိုမျိုး လူသိထင်ရှား ပေါ်ပေါ်ထင်ထင် မဟုတ်ခဲ့။ ဒီတစ်ယောက်နဲ့ကျမှ။

နေ့တိုင်း အပို့အကြို လုပ်ပေးနေသည့် ပြဿနာက လူတွေကို ပို၍ သတိထားမိသွားစေကြတာ ဖြစ်မည်။ လာမကြိုပါနဲ့ ဟု ပြော‌ပြန်တော့လည်း စွဲမြတ်ထင်သာတို့က ပြောစကား နားထောင်တာ မဟုတ်။ စတွဲပြီး လေးရက်တာမှာ သူတို့နှစ်ယောက် ဘာတွေ လုပ်ဖြစ်ခဲ့ကြသလဲ ဆိုလျင် အလုပ်နဲ့ အိမ်ကို အပို့အကြို လုပ်ခြင်းကသာ အဓိက ရှိခဲ့သည်။ ပြီးတော့ ညစာ ချက်တိုင်း စွဲမြတ်ထင်သာက လာကူလုပ်ပေးတတ်သည်။ ထမင်းအတူ စားကြသည်။

ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)Where stories live. Discover now