3_Z

3.7K 190 2
                                    

"OH, Hush, My dear, It's been a difficult year ...
And terrors don't prey on innocent victims ...
Trust me darling, Trust me darling ...
It's been a loveless year, I'm a man of three fears ...
Integrity, Faith, And crocodile tears ...
Trust me darling, Trust me darling ..."

Imagine Dragons ရဲ့ Bad Liar သီချင်းက SKY Bar ဆိုတဲ့ ဆိုင်လေးထဲမှာ ပျံ့လွင့်နေခဲ့သည်။ Unplugged music ဖြင့် ဖျော်ဖြေနေခြင်းသာ။

live သီဆိုနေသော အသံရဲ့ အနိမ့်သံ အမြင့်သံတွေက သူ့နေရာနဲ့သူ အတိအကျ ရှိနေသည်။ သို့ပေမဲ့ မူရင်းအဆိုရှင်နဲ့ မတူသော ကိုယ်ပိုင်ဟန် တွေလည်း ရောနှောနေသလိုပင်။ အသံပိုင်ရှင်က ဩရှရှ ရှိသလိုလိုနဲ့ ကြည်ကြည်လင်လင် ငြိမ့်ညောင်းသော အသံမျိုးကို ပိုင်ဆိုင်ထားသည်။

နားထောင်ရသူ‌တွေ အဖို့ ဆောင်းရာသီ၏ မနက်ခင်းတစ်ခုမှာ စိတ်အေးလက်အေး အနားယူနေသကဲ့သို့ ရှိနေသည်။ အေးမြသော ရာသီဥတု၏ သဘောသဘာဝ။ မနက်ခင်း အချိန်အခါ တစ်ခု၏ နွေးထွေးနူးညံ့သော သဘောသဘာဝ။ နှစ်ခုရောနှော ပေါင်းစပ်ထားသည့် အရသာမျိုးက လူတွေကို သက်သောင့်သက်သာ ဖြစ်စေသည်။ နွေးထွေး၍ နှစ်လိုဖွယ် ကောင်းစေသည်။ ထိုအသံ‌လေးရဲ့ ပိုင်ရှင်ဖြစ်သူကတော့ ဆောင်းနေ့ယံပဲ ဖြစ်သည်။

ဆိုင်အတွင်းထဲမှ အခင်းအကျင်းက သပ်ရပ်၍ ရှင်းလင်းသည်။ ရှုပ်ရှုပ်ထွေးထွေး အဆင်တန်ဆာတွေလည်း မရှိ။ ဒီ SKY Barမှာ ထူးခြားချက်တစ်ခုလည်း ရှိနေသေးသည်။ အဲဒါက ဒီဆိုင်သည် LGBTQ အသိုင်းအဝိုင်းမှ လူတွေသာ အများဆုံး လာတတ်သောနေရာ ဖြစ်နေခြင်းပင်။

Gay bar တွေလိုလည်း မဟုတ်ဘဲ တမူထူးခြား‌နေသော ဆိုင်လေးပင်။ ဆိုင်ပိုင်ရှင်၏ idea က ဆန်းသစ်မှုရှိသည်။ ပိုင်ရှင်က SKY bar အမည်နှင့် ဆိုင်ခွဲတွေ အများကြီးလည်း ဖွင့်ထားသေးသည်။ ဒီဆိုင်လေးကတော့ တခြား ဆိုင်ခွဲတွေနှင့် သိပ်မတူပါ။ LGBTQ တွေအပြင် ထိုသူတွေကို လက်ခံ၍ အားပေးထောက်ခံသော လူတွေပါ လာခွင့်ရှိသော ဆိုင်လေး ဖြစ်သည်။

club တွေလိုမျိုး ဆူညံရှုပ်ထွေး၍ အဖော်အချွတ် ဖျော်ဖြေမှုတွေ မရှိသောနေရာ။ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေ ရောနှော ပေါင်းစပ်ထားသော ပျော်ပါးစရာ နေရာတစ်ခုလိုလည်း မဟုတ်။ အေးချမ်းသည်။ သီးသန့်ဆန်ဆန် အပန်းဖြေလိုသူတွေ ရောက်လာတတ်သော နေရာသာ ဖြစ်သည်။ တစ်နေ့တာလုံးမှာ အလှည့်ကျ သီဆိုပေးနေသည့် အဆိုရှင်တွေလည်း ရှိနေတာမို့ ဒီနေရာလေးကို music bar လေးလို့ ပြောရင်လည်း မမှားပါ။

ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)Tahanan ng mga kuwento. Tumuklas ngayon