28-U (Final)

13.3K 790 71
                                    

နေ့ယံအတွက် ပထမဆုံး ရေးပေးထားခဲ့သည့် သီချင်းလေးကို အယ်လ်ဘမ်ကိစ္စတွေ စတင်ခဲ့ကြသည့်အခါ စွဲက ထုတ်ပြဖြစ်ခဲ့သည်။
တိတ်တဆိတ် ဖန်တီးထားခဲ့ရသည့် ထိုသီချင်းလေးကို ထုတ်ပြဖြစ်တော့ ဆောင်းနေ့ယံတစ်ယောက် အလွန်အမင်း ပျော်ရွှင်နေခဲ့လေသည်။
မူရင်းဂီတာဗားရှင်းကို Electropop ပုံစံဖြင့် စွဲက ပြောင်းလဲထားခြင်းသာ။ သီချင်းကို ခံစားနားဆင်နေခဲ့သည့် တစ်ချိန်လုံးမှာ နေ့ယံရဲ့ အမူအရာတွေ အားလုံးက ပြောင်းလဲနေခဲ့ကြသည်။ ကြည်နူးပီတိ ဖြစ်နေသည့် မျက်နှာလေးက စက္ကန့်တိုင်းမှာ ရှိနေသည်။

သီချင်းကို အဆုံးသတ်ထိ နားထောင်ကြည့်ပြီးနောက် headphone ကို ဖြုတ်လိုက်သည့် နေ့ယံက...
"ကောင်းလိုက်တာ စွဲရာ အရမ်းနားထောင်လို့ကောင်းတာပဲ"

"ကိုနေ့ အသံပါသွင်းလိုက်ပြီးရင် လုံးဝ perfect ဖြစ်သွားမှာ"

"သီချင်းနာမည်ကို ဘယ်လိုပေးထားလဲ...စာသား‌တွေရော ရေးပြီးပြီလား"

"Titleကို ငါတို့နှစ်ယောက်ရဲ့ ရိုမန့်ဂီတ လို့ ပေးထားတယ်...စာသားတွေကတော့ ကျွန်တော်တို့နှစ်ယောက် အကြောင်းလေးတွေပေါ့"

"ဘယ်အချိန်တည်းက ရေးနေတာလဲ...ဧကန္တ ဟိုးတစ်ခါ ငါလက်ထိထားတုန်းက မင်းအခန်းထဲမှာ ငါတွေ့တဲ့ နုတ်တွေက ..."

"ဟုတ်တယ် အဲဒီအချိန်တည်းကပဲ"

"မင်းက ငါ့အတွက် ဒီလောက်တောင်မှ ပြင်ဆင်ပေးထားတာလား"

"ကျွန်တော့်ကောင်လေးကို ကျွန်တော်က ချစ်တာကိုးဗျ...ကိုနေ့အတွက် အရမ်းကိုမှ ဖန်တီးပေးချင်ခဲ့တာ"

"ချစ်လိုက်တာ အရမ်းပဲ...တကယ်ပြောတာ ငါမင်းကို အချစ်ဆုံးပဲ"

အိမ်အပေါ်ထပ်မှ စွဲရဲ့ စတူဒီယိုအခန်းလေးထဲတွင် နှစ်ယောက်သား ရှိနေကြတာဖြစ်သည်။ audio interface ရှေ့မှာ မျက်နှာချင်းဆိုင် ထိုင်နေမိကြ၏။ အပျော်လွန်ပြီး ထဖက်လိုက်သူက နေ့ယံပင်။ သူက စွဲမြတ်ထင်သာရဲ့ ပေါင်ပေါ်မှာ တင်ပလွှဲ တက်ထိုင်၍ လည်ပင်းတွေကို သိုင်းဖက်ထားခြင်းသာ။ ဒီလောက်ထိ ရယ်မောနေသည့် နေ့ယံရဲ့ မျက်နှာမျိုးအား စွဲမြတ်ထင်သာ မမြင်ဖူးခဲ့ပေ။ လခြမ်းကွေး မျက်လုံးလေးတွေနဲ့ မျက်နှာကြည်ကြည်လေးက အပျော်ရွှင်ဆုံး ဖြစ်နေသည့် မျက်နှာလေးလိုပင်။

ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)Where stories live. Discover now