6_U

10K 1.2K 78
                                    

ဒီနေ့ညစာကို တစ်ယောက်စာ ပိုချက်ရလိမ့်မည်။ အပေါ်ထပ်မှ အိမ်‌ငှားကောင်လေးကိုပါ သူတို့နဲ့အတူ ညစာလာစားရန် နေ့ယံ ဖိတ်ခေါ်ထားခဲ့သည်မို့။ ညစာအတွက် နေ့ယံ ပြင်ဆင်နေခိုက်မှာ ချိုကိုလေးကတော့ အိမ်ရှေ့ခန်းထဲတွင် TVထိုင်ကြည့်နေခဲ့သည်။ အစက Larva cartoon ကို ထိုင်ကြည့်နေခဲ့သော်လည်း ခဏနေကျတော့ A3 အဖွဲ့ရဲ့ သီချင်းတွေကို ထိုင်ကြည့်နေတော့၏။

အပေါ်ထပ်မှ လူကို တက်မခေါ်ရသေးခင်မှာဘဲ ထိုလူက သူတို့အိမ်ကို ရောက်လာခဲ့သည်။ အိမ်တံခါး သွားဖွင့်ပေးခဲ့သူကတော့ မိုးဦးလေချိုပါပဲ။

“ဟာ ကိုကို ...ပါပါးရေ အပေါ်ထပ်က ကိုကိုလာတယ် ...”

အသံသေးသေးလေးက အိမ်ထဲမှာ လွှမ်းသွားခဲ့သည်။

“တံခါးဖွင့်ပေးလိုက်လေ ချိုကို ...”
နေ့ယံကလည်း ထမင်းစားခန်းထဲကနေ ပြန်လှမ်းအော်လိုက်လေ၏။

“လာ ကိုကို ...ဟင်းတော့ မကျက်သေးဘူး စောင့်ရဦးမယ် ...မီးမီးတောင် သီချင်းကြည့်ရင်းနဲ့ ထိုင်စောင့်နေရတာ ...”

ဘယ်သူမှ မမေးပါဘဲနဲ့ လျှောက်ပြောနေသော ချိုကိုကြောင့် ဧည့်သည်ကပဲ စားချင်လွန်း၍ စောစောရောက်လာသည့် အနေအထား ဖြစ်သွားရသည်။ သူ့အဖေ ထမင်းစား ဖိတ်ထားမှန်း သူလည်း သိနေပုံရ၏။

“အာ ဒီကလေး ဘာတွေ ပြောနေတာလဲ ...”
ရယ်သံစွက်နေသော နေ့ယံအသံက အားတုံ့အားနာ ဖြစ်ခြင်း တချို့တစ်ဝက်လည်း ရှိနေခဲ့ရသည်။

“ကိုကိုက မီးမီးရဲ့ ပါပါးကို ဝိုင်းကူပေးချင်လို့ တမင်စောစော လာခဲ့တာ ...”

“ဪ ...”

နှစ်ယောက်သား အိမ်အပေါက်ဝကနေ အထဲကို ရောက်လာခဲ့ကြသည်။ စွဲမြတ်ထင်သာက သစ်သားစင် အမြင့်ကြီး အနောက်ဘက်မှ ဆောင်းနေ့ယံကို တစ်စွန်းတစ်စ မြင်နေရသည်။ တစ်ယောက်တည်း အထဲမှာ အလုပ်ရှုပ်နေပုံရ၏။ ပြီးတော့ ထိုလူရဲ့ မျက်နှာက သိပ်မကောင်းပါ။ သိပ်မသိသာသော်လည်း အနည်းငယ် နွမ်းလျနေပုံကတော့ သတိထားမိလောက်စရာပင်။ ဆောင်းနေ့ယံ ဆိုသည့်လူမှာ တစ်ခုခု စိတ်ရှုပ်စရာ ရှိနေသည်လား မသိ။

ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)Where stories live. Discover now