Sky Bar ...။
ဆိုင်လေးက သစ်လွင် ဆန်းသစ်ပြီး သီးသန့်ဆန်၏။ စိတ်အေး လက်အေးနဲ့ ထိုင်ချင်စရာ ကောင်းလှသော အရပ်အဝန်းလေး တစ်ခုသာ။ဆိုင်ကို လာလည်ချင်ပါသည်ဟု စကားစမိလိုက်တာက ပထမရက်က။ တကယ်တမ်း စွဲမြတ်ထင်သာ ရောက်လာတော့ နောက်တစ်ရက်မှာဖြစ်သည်။ ရောက်လာတော့လည်း အဖော်မပါခဲ့ပါ။ သူတစ်ယောက်တည်းသာ။ ဆိုင်ထဲ ဝင်လာပြီးနောက် ထောင့်ကျကျ စားပွဲတစ်လုံးမှာ အခြေချလိုက်မိ၏။
သူဝင်လာတည်းက လူတချို့ရဲ့ အာရုံစိုက်ခြင်းကို ခံနေရလေပြီ။ ဆိုင်ဝန်ထမ်းတွေသော် လည်းကောင်း၊ ဆိုင်ထဲမှ ကာစတန်မာတွေသော် လည်းကောင်း၊ မသိမသာ အကဲခတ် အကြည့်လေးတွေက သူ့ထံသို့။
စွဲကတော့ သိပ်ဂရုမစိုက်နေတော့ဘဲ ဆောင်းနေ့ယံကိုသာ ဆိုင်ထဲမှာ လိုက်ကြည့်နေမိခဲ့သည်။ သူထိုင်နေသည့် နေရာကနေ မြင်ရသလောက် မြင်ကွင်းထဲတွင်တော့ ထိုလူ ရှိမနေပါ။ ဆိုင်အနောက်ဘက်မှာ ရှိနေတာလည်း ဖြစ်နိုင်သည်။
Whiskey Sour cocktail တစ်ခွက် မှာလိုက်ပြီး အေးအေးလူလူ တစ်ယောက်တည်း ထိုင်နေလိုက်မိသည်။ သူ ဒီကို အချိန်ကိုက်ပြီးမှ တမင် ရောက်လာခဲ့တာ ဖြစ်သည်။ ဆောင်းနေ့ယံ အိမ်ပြန်မည့် အချိန်နဲ့ ချိန်ညှိထားပြီးသား။ အိမ်ကို အတူပြန်ဖြစ်ရင်း စကားလေး ဘာလေး ပြောကြမည်။ သူ့အစီအစဉ်က ဒါပါပဲ။
သိပ်မကြာလိုက်ပါ။ သူရောက်ပြီး ဆယ့်ငါးမိနစ်လောက်နေတော့ ဆိုင်ထဲမှ စတိတ်စင်လေးက စတင် အသက်ဝင်လာလေ၏။ ပထမတစ်ခါ ဖျော်ဖြေပြီးသွားလို့ နောက်တစ်ကျော့ စတင်တာလည်း ဖြစ်နိုင်သည်။ မျက်စိကို အလုပ်ပေးပြီး ဆိုင်ထဲ ဝေ့ဝဲရှာနေမိသည့် ကိုယ်တော်လေးကို ထိုအခါမှသာ မြင်လိုက်ရတော့သည်။
ဆောင်းနေ့ယံက တီးဝိုင်းအလယ် စတိတ်နေရာကို တက်သွားခဲ့ပြီး ဂီတာလေးကို ကောက်ကိုင်နေ၏။ သူ့အလှည့်ကျပြီ ထင်သည်။ တခြားအဖွဲ့ဝင်တွေ မပါဘဲ သူတစ်ယောက်တည်း ဂီတာတစ်လက်နဲ့ စတင်မည့်ပုံပင်။
ဂီတာ သံဇဉ်လေးကို ကျွမ်းကျင်ပိုင်နိုင်စွာ စတင်တီးခတ်လိုက်ပြီးနောက် ကောင်းမွန် ညှို့ငင်နိုင်သော အသံလေးက မကြာခင်မှာဘဲ ထွက်လို့လာတော့၏။ သူ သီဆိုနေသော သီချင်းက Ali Gatie ရဲ့ It's you ဖြစ်သည်။
ESTÁS LEYENDO
ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)