20_U

13.1K 1.2K 131
                                    

SKY Bar ၏ အတွင်းပိုင်း၌ စက်ဖြင့်ဖွင့်ထားသော ဂီတသံတချို့က အေးအေးငြိမ့်ငြိမ့် ပျံ့လွင့်နေခဲ့သည်။ Unplugged music သီဆိုမှုတွေက နောက်တစ်ကြိမ် ပြန်လည် မစတင်သေးသော အချိန်ပင်။ ဆိုင်ထဲတွင် ရှိနေကြသည့် ဧည့်သည်တွေကလည်း သိပ်မများပေ။ စားပွဲဝိုင်း (၁၀)ခုံခန့်ပင် မပြည့်။ နေ့လည်ခင်းပိုင်းမို့ အနည်းငယ် လူကျဲနေလေသည်။

ဆောင်းနေ့ယံကတော့ ဆိုင်အ‌နောက်ခြမ်း အပြင်ဘက် ကွက်လပ် နေရာမှာ တစ်ယောက်တည်း ဆေးလိပ်ထွက်သောက်နေမိ၏။
ထိုနေရာမှာက လူရှင်းတတ်သည်။ ဆိုင်ဝန်ထမ်းတွေမှ လွဲ၍ ဧည့်သည်တွေ သွားလာလို့ မရသော နေရာလည်း ဖြစ်သည်။

တစ်ကန့်စီ ခွဲခြားပြီး ပစ်ရသော အမှိုက်ပုံးတွေ ရှိနေသည်မှ လွဲ၍ ထိုနေရာတွင် ဘာမှမရှိ။ တစ်ခါတစ်ရံတော့ ထိုနေရာ၌ ဆိုင်မှ ဝန်ထမ်းတွေ ဆေးလိပ် ထွက်သောက်တတ်‌ေလ့ရှိသည်။

အိမ်မှာဆိုလျင် သမီးဖြစ်သူ မိုးဦးလေချို အရှေ့တွင် ဆောင်းနေ့ယံက ဘယ်သောအခါမှ ဆေးလိပ် မသောက်တတ်ပေ။
သူသောက်ဖြစ်သည်က အလုပ်မှာသာ ဖြစ်သည်။
အိမ်မှာလည်း တစ်ခါတစ်ရံ သောက်ဖြစ်ပေမဲ့ သူတစ်ယောက်တည်း အထီးကျန်စွာ အတွေး များ‌ေနချိန်တွေ၌သာ ဖြစ်၏။

ဒီရက်တွေထဲမှာ စွဲကြောင့် သူအထီးမကျန်ရပေမဲ့ သမီးလေးအတွက်နဲ့တော့ အတွေးများနေရသည်။
သူဆေးရုံက ဆင်းလာပြီးမှ အမွေကိစ္စတွေအတွက် ဦးမင်းဝီရတို့ ဘက်သို့ နွေချိုချိုက ဆက်သွယ်မည်ဟု ပြောထားသည်။

အခု သူဆေးရုံမှ ဆင်းလာသည့်အချိန်က တစ်ပတ်ကျော်ကျော် နှစ်ပတ်လောက်ပင် ရှိလေပြီ။
ထို့ကြောင့် နွေချိုချို့ဘက်မှ စတင် လှုပ်ရှားတော့မည့် အကြောင်း မနေ့ညကပဲ ဖုန်းဆက်ပြောလာခဲ့သေးသည်။

သူ(မ)က မက်ဆေ့ပို့ခဲ့သူအဖြစ် ဦးမင်းဝီရတို့ဘက်သို့ အရင်ဆုံး လူလုံးထွက်ပြမှာမို့ သိပ်မကြာခင်မှာ တစ်ခုခုတော့ အကြောင်းထူးလာမည် ထင်သည်။

"ဟူး ..."

ခံတွင်းထဲမှ စီးကရက်ငွေ့ တချို့ကို သက်ပြင်းတစ်ချက်နဲ့အတူ သူမှုတ်ထုတ်လိုက်မိသည်။

ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)Donde viven las historias. Descúbrelo ahora