26-Z

1.6K 46 0
                                    


အလိမ်အညာတစ်ခုကို ဝန်ခံရန် အချိန်တွေ ဆွဲထားသူနှင့် ထိုလိမ်ညာသူကို လက်စားချေရန် ကြိုးစားခဲ့သူ။ နှစ်ယောက်လုံးက အပြစ်ကင်းကြသူတွေတော့ မဟုတ်ခဲ့။ တစ်ယောက်ချင်းစီမှာ မတူညီသော မှားယွင်းမှုတွေနှင့်။

ဘယ်သူက ပိုမှားသလဲဟု နှိုင်းယှဉ်မနေကြတော့ပေ။ တစ်ယောက်ကို တစ်ယောက် အမှန်တကယ် ချစ်မြတ်နိုးကြသည် ဆိုသော အမှန်တရားကိုတော့ ကောင်းကောင်းနားလည်ထားကြသည်။ နှလုံးသားချင်းရော လူချင်းပါ မခွဲနိုင်ဘူးဆိုသည့် ခံစားချက်တွေကတော့ စစ်မှန်နေပါ၏။

သို့ပေမဲ့လည်း အချိန်ပြည့် ချိုမြိန်သာယာနေကြသည့် အခြေအနေမျိုးမှာတော့ မရှိသေးပေ။ အဓိကလူက ဆောင်းနေ့ယံဖြစ်ပြီး ထိုလူက ခေါင်းကြောမာနေခဲ့သည်မို့။ ခါးခါးသီးသီး ငြင်းဆန်နေတာမျိုးတွေတော့ မရှိပေမဲ့ အလုံးစုံ ကြည်ဖြူနေတာမျိုးတော့လည်း မဟုတ်။

အရင်လိုပဲ စွဲမြတ်ထင်သာက အိမ်မှာ လာပြန်နေသည်။ ရေးလက်စ သီချင်းအသစ်ကို ဆက်ရေးသည်။ ကျောင်းသွားသည်။ ဆောင်းနေ့ယံရဲ့ အလုပ်ကို လိုက်ပို့ပေးသည်။ အိမ်အလုပ်တွေကို ဝိုင်းကူပေးသည်။ ထုံးစံအတိုင်း သူ့ရဲ့ကောင်လေးကို ချစ်စရာရှိတာ ဆက်ချစ်သည်။ ချိုကိုလစ်တာနှင့် သူ့အဖေအနား ကပ်သည်။ နမ်းစရာရှိတာ နမ်းပစ်သည်။

ဆောင်းနေ့ယံကတော့ စွဲကို အိမ်မှာလာမနေရန်လည်း မတားမြစ်။ အိမ်အလုပ်တွေ ဝိုင်းကူပေးလည်း လက်ခံသည်။ စွဲက သူတို့အိမ်မှာ ထမင်းအတူ လာစားလည်း နှင်မလွှတ်ခဲ့။ အလုပ်ကို လိုက်ပို့ပေးလည်း မငြင်း။ သူ ငြင်းဆန်တာကတော့ တစ်ခုပဲ ရှိသည်။ စွဲမြတ်ထင်သာ လာနမ်းတိုင်း တွန်းလွှတ်တတ်သည်သာ။ ပြီးတော့ သူကပြောသေးသည်။

“exက exလိုနေ လာမနမ်းနဲ့”

ထိုအခါ စွဲမြတ်ထင်သာတို့က ပိုလို့ရွတ်ပြတော့သည်။ မလုပ်နဲ့ဆိုလျင် ပို၍ ပို၍ လုပ်ပြတော့သည်။ မကြာခဏဆိုသလို နေ့ယံ၏ အငယ်ကောင်လေးအား သူက သွားရောက်၍ စနောက်ပစ်တတ်သေး၏။ သူတို့နှစ်ယောက် တစ်ခါမှ ချစ်တင်းမနှောဖူးကြပေမဲ့ ထိုသို့သော အသေးအမွှားလေးတွေကိုတော့ ပြုကျင့်လေ့ရှိတတ်ကြသည်။

ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)Tahanan ng mga kuwento. Tumuklas ngayon