တစ်ယောက်တည်း ရှိနေသည့် အိမ်အပေါ်ထပ်တွင် သံစဉ်တချို့က နေရာလပ်မကျန်မှာ ပျံ့လွင့်နေခဲ့သည်။ ထိုသံစဉ်တွေကို ဖန်တီးေနသူက စွဲမြတ်ထင်သာ,သာဖြစ်သည်။ များသောအားဖြင့် သီချင်းဖန်တီးတဲ့အခါမှာ အသံလုံတဲ့ studio အသေးစားအဖြစ် အသုံးပြုထားတဲ့ အခန်းငယ်ထဲမှာသာ လုပ်ဖြစ်တတ်သည်။ အပေါ်ထပ် အခန်းနှစ်ခန်းမှာ တစ်ခန်းက သူ့အိပ်ခန်း။ နောက်တစ်ခန်းကတော့ သူ့ရဲ့ studio အခန်း။
အခုကျတော့ အခန်းထဲမှာ မဟုတ်ဘဲ ဧည့်ခန်းထဲမှာ ဂီတာတစ်လက်နှင့်။ နူးညံ့၍ ငြိမ့်ညောင်းသော သံစဉ်တွေအား တစ်စုံတစ်ယောက်၏ အသံနှင့် လိုက်ဖက်ညီမှု ရှိစေရန် သူရည်ရွယ်ထားပါ၏။
ခေတ်တွေ ပြောင်းလဲလာသည့်အလျောက် တေးရေးဆရာတွေ အသုံးပြုသည့် ပုံစံတွေကလည်း ဆန်းသစ်လာခဲ့ပြီ ဖြစ်သည်။ ခေတ်မီလှတဲ့ တေးရေးဆရာအများစုက ဂီတနုတ်တွေကို လက်နဲ့ကိုယ်တိုင်ရေးတာမျိုးအား သိပ်မလုပ်ကြတော့။ audio interface ကို အသုံးပြုပြီး ကွန်ပျူတာနဲ့ ချိတ်ဆက်ကာ အသံဖမ်းတာနဲ့ သံစဉ်တွေကို ဖန်တီးတာတွေ တစ်ခါတည်း လုပ်ကြသည်။ software တွေကိုသာ အသုံးပြုပြီး သီချင်းဖန်တီးနေကြတဲ့ ခေတ်တစ်ခု ဖြစ်နေခဲ့ပြီမို့။
ဒါပေမဲ့ အခုတလောမှာ သူရေးဖြစ်နေသော သီချင်းအတွက်တော့ အကြမ်းထည် အနေနှင့် ဂီတာကိုသာ အသုံးပြုဖြစ်သည်။
ဂီတာဖြင့် သံစဉ်အချို့ကို တီးခတ်ကြည့်လိုက် ဂီတနုတ်တွေကို သူချရေးလိုက်နှင့် လုပ်နေ၏။
ဂီတနုတ်တွေ ချမှတ်နေခဲ့သည့် စွဲမြတ်ထင်သာ၏ မျက်နှာပေါ်မှာ တည်ရှိသော အပြုံးတွေသည် တောက်ပနေကြသည်။တစ်စုံတစ်ရာအတွက် ရည်ရွယ်၍ တွေးတောခံစားနေခြင်းက သိသာနေသည်။ လူတစ်ယောက်သည် တစ်ယောက်တည်း ရှိနေခိုက် အလိုလို ပြုံးနေမိသည် ဆိုပါလျင် သူ့စိတ်ထဲမှာ တခြားတစ်စံုတစ်ယောက်၏ အကြောင်းတွေသာ စိုးမိုးနေ၍ ဖြစ်ပါလိမ့်မည်။ ထိုတစ်စုံတစ်ယောက်သည် သေချာပေါက် ဆောင်းနေ့ယံ ဆိုသူသာ ဖြစ်နေသည်။
အခုနောက်ပိုင်း ဘယ်သူနဲ့မှ မတွေ့ဖြစ်တော့ဘဲ တစ်ယောက်တည်းအပေါ်မှာသာ စွဲလမ်းစိတ် များနေခဲ့သည့် သူ။ အရင် ရည်းစားတွေနဲ့တုန်းက သူကသာ ဂရုစိုက်ခံရသည့်လူ ဖြစ်ခဲ့သည်။
နူးနူးညံ့ညံ့နှင့် အပြုစု အယုယတော်သည့် ကောင်လေး၊ကောင်မလေးတွေက သူ့အတွက် အကြည်စိုက်ချင်စရာ ကောင်းခဲ့သည်။
ESTÁS LEYENDO
ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)