ရဲစခန်းကနေ ပြန်လာပြီးတော့ ချိုကိုလေး ကျောင်းကနေ ပြန်လာရင် စားရန် လမ်းမှာ ချောကလက်ကိတ်တစ်ခုခု ဝင်ဝယ်လိုက်သေးသည်။ ဝယ်ရမှာက ချောကလက်ကိတ် ဖြစ်သော်လည်း ကိတ်အမျိုးအစားတွေ အရှေ့မှာ ရပ်ကြည့်နေမိသည်က အချိန်တစ်ခုကြာသည်။ စိတ်နဲ့ လူနဲ့မကပ်စွာ ကိတ်တွေကို လိုက်ငေးကြည့်နေမိသေးသည်။
အိမ်ပြန်လာခဲ့ရသည့် ခြေလှမ်းတွေက အနှေးကွေးဆုံးဟု ထင်ရသလောက်ပင်။ အိမ်ရောက်တော့ အဝတ်တွေကို စက်ထဲ ထည့်လျှော်လိုက်သည်။ ခြံထဲဆင်းပြီး အပင်တွေ ရေလောင်းမိသည်။ ခြံထောင့်က သစ်သားဒန်းလေးမှာ ထိုင်ပြီး ဆေးလိပ်ထိုင်သောက်မိသေးသည်။
အစီအစဉ် မချထားသည့် အိမ်အလုပ်တွေကို စက်ရုပ်တစ်ရုပ်လိုပဲ သူလုပ်နေမိသည်။ အတွေးတွေကတော့ အချုပ်ခန်းထဲမှာ ကျန်နေခဲ့သည့် လူတစ်ယောက်ဆီတွင်သာ။ သူ့ကို လှမ်းကြည့်နေခဲ့သည့် ဆွေးမြေ့နေသော အကြည့်တွေက မျက်လုံးထဲမှာ စွဲနေသည်။
လူက အတွေးတွေထဲမှာ နစ်မြောနေတုန်း အသံတစ်ခုကို ကြားလိုက်ရသည်။
"တီ..."
အိမ်တံခါးကို ဖွင့်ဝင်လာသည့် အသံအား သူကြားနေရသည်။ တံခါးဖွင့်ပြီး တစ်စုံတစ်ယောက် ဝင်လာခြင်းပင်။"ချိုကိုလား"
အိမ်အနောက်ခန်းဘက်မှ အဝတ်လျှော်စက်အနားတွင် ရှိနေသည့် နေ့ယံက အသံပြုလိုက်မိသည်။ သူ့သမီး ပြန်လာဖို့ အချိန်က လိုနေသေးသည် မဟုတ်လား။ စက်ထဲက ပြီးစီးသွားသည့် အဝတ်တွေကို ပြန်ဆွဲထုတ်နေရင်းနဲ့ အကြည့်က ဝင်လာသူထံ ရောက်သွားရသည်။
"မင်း "
မြင့်မားသော အရပ်က သူ့မြင်ကွင်းထဲကိုရောက်လာခဲ့သည်။ ထိုလူက စွဲမြတ်ထင်သာပင်။"ဘာလာလုပ်တာလဲ"
စွဲက သူ့အမေးကို မဖြေ။ ခြေလှမ်းကျဲတွေနဲ့သာ အနားကို ရောက်လာခဲ့သည်။ ပြီးနောက် နေ့ယံရဲ့ ခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲ ဆွဲထည့်ကာ ပွေ့ဖက်ထားလိုက်တော့သည်။
"လွှတ် ငါ့ကို"
"ကိုနေ့ ဘာလို့ လိမ်ရတာလဲ၊ဘာလို့လဲဗျာ...
ဘယ်သူနဲ့မှ မအိပ်ဘဲနဲ့ ဘာလို့ ကျွန်တော့်ကို လိမ်ရတာလဲ...ကျွန်တော့်ကို စိတ်ထိခိုက်အောင် လုပ်ပြီး ဘာလို့ လမ်းခွဲရတာလဲ.. ဟင် ကိုနေ့ "
YOU ARE READING
ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)