10_U

10.1K 1.4K 132
                                    

ညက အချိန်တော်တော် နောက်ကျမှ အိပ်ဖြစ်ခဲ့၍ နေ့လည်လောက်မှသာ စွဲမြတ်ထင်သာ အိပ်ရာ နိုးလာခဲ့ရသည်။ နေ့လည်စာ အပြင်ထွက်စားဖြစ်ရင်းနဲ့ TAဘက်ကိုပါ တစ်ခါတည်း ဝင်လိုက်သည်။ အန်ကယ်ဂျွန်နဲ့ အန်ကယ်ဝေလျှံတို့ကို သူမေးကြည့်စရာလေးတွေ ရှိနေသည်လေ။

TAကို ရောက်တော့ staff တွေကအစ idolတွေ အဆုံး သူ့ကို မြင်တာနှင့် နှုတ်ဆက်လာကြ၏။ တစ်ခါတစ်ရံမှသာ မြင်ရတတ်သော သူ့ကို အားလုံးက အထူးတလည် အရေးတယူ ရှိနေကြသည်။ နဂိုတည်းက ပေါင်းသင်းဆက်ဆံရေး ကောင်းသောသူ ဆိုပေမဲ့ လူကြီးပိုင်းတွေကအစ သူ့ကို သေချာ လာနှုတ်ဆက်နေကြခြင်းက အကြောင်းပြချက်တော့ရှိ၏။

ဦးလေးဖြစ်သူ ဦးမင်းဝီရ ပိုင်ဆိုင်ခဲ့သော TAရှယ်ယာတွေက အခုချိန်မှာ သူကသာ စီမံခွင့် ရနေသူ။ TAမှ လူအားလုံးလည်း အခုလောက်ဆိုလျင် ထိုသတင်းစကားတွေကို ကြားပြီးလောက်ကြပြီ ထင်၏။ အစမှာ TAမှ လူတွေက သူ့ကို TAရဲ့ Ace, ပါရမီရှင် တေးရေးဆရာအဖြစ်သာ သိထားကြတာ ဖြစ်သည်။

ဦးမင်းဝီရနှင့် တူဝရီးတွေ ဖြစ်ကြောင်းကိုတော့ သိထားသူ အနည်းအကျဉ်းလောက်သာ ရှိခဲ့သည်။ ဦးလေးဖြစ်သူ ကွယ်လွန်သွားပြီးနောက်မှသာ ရှယ်ယာကိစ္စ သတင်းတွေကြောင့် companyမှာ သူက ပိုပြီး လူသိထင်ရှား ဖြစ်လာရတော့သည်။

"Hey Bro ..."

A3အဖွဲ့နှင့် လျှောက်လမ်းမှာပင် တည့်တည့်တိုးတော့သည်။ TAကို သူရောက်လာခိုက် ချိုကိုလေးအတွက် တစ်ခုခု ယူသွားပေးရဦးမည်ကို အမှတ်ရနေပြီးသား။ အခုတော့ အံကိုက် ဖြစ်သွားရ၏။

A3အဖွဲ့မှ member သုံးယောက်လံုးက အသက်၂၀စွန်းစွန်းလေးတွေ ဖြစ်သည်။ ဝေယံရဲရင့်နှင့် Eric က အသက်၂၁နှစ်။ အဖွဲ့ခေါင်းဆောင် Leo နဲ့ စွဲကတော့ သက်တူရွယ်တူပင်။ အချင်းချင်း အသက် သိပ်မကွာကြတာမို့ တခြားလူတွေထက် ပို၍ တရင်းတနှီး ရှိလှ၏။
မျက်နှာချင်းဆိုင် ဆုံတာနှင့် လက်သီးချင်းတိုက်၍ နှုတ်ဆက်လိုက်ကြလေသည်။

"သီချင်းအသစ် ရလို့ လာတာလား ..."

"မဟုတ်ပါဘူး ...မင်းတို့ CEOဆီ လာတွေ့တာ ..."

ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)Where stories live. Discover now