အရင်နေခဲ့သည့် အိမ်ထက်စာရင် အခုတိုက်ခန်းက အများကြီးကျဥ်းသည်။ နေရတာ သိပ်အဆင်မပြေသော်လည်း ပတ်ဝန်းကျင် တိတ်ဆိတ်မှု ရှိခြင်းကိုတော့ စွဲမြတ်ထင်သာ သဘောကျမိသည်။ သီချင်းရေးဖို့အတွက် သိပ်ပြီး အနှောင့်အယှက်မဖြစ်။
ညနေေစာင်းတုန်းက အိမ်ရှင်ဆောင်းနေ့ယံနဲ့ စကားသွားပြောပြီးနောက် ညစာထွက်စားလိုက်သည်။ ပြန်ရောက်လာတော့ မှောင်ခါနီး အချိန်ဖြစ်နေလေပြီ။ နေရတာ အသားမကျသေးသော အိမ်ကို လျှောက်ပတ်ကြည့်ရင်း ခဏနားလိုက်ေသးသည်။ ပြီးတော့မှ ရေချိုးခန်းထဲ ဝင်ဖြစ်၏။
ပြန်ထွက်လာတော့ ကိုယ်လုံးပေါ် မှန်ထဲမှာ ထင်ဟပ်နေသည့် ကိုယ့်ပုံရိပ်ကို အမှတ်တမဲ့ လှမ်းကြည့်မိသွားရ၏။ စွဲမြတ်ထင်သာ နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်သွားရသည်။ အခုလေးတင်မှ ရေချိုးပြီး ထွက်လာခဲ့သည့်သူ။ အဖြူရောင် bathrobe နဲ့ အရပ်ရှည်ရှည် သူ့ပုံရိပ်က မှန်ထဲမှာ ပေါ်နေခဲ့သည်။ ပခုံးစွန်းကားကား၊ ရင်အုပ်ကျယ်ကျယ်၊ အောက်ပိုင်း ခြေထောက်ကြွက်သား။
ရင်ဘတ်နေရာမှာ ခပ်ဟဟ ပွင့်နေတာမို့ အတွင်းသား ရင်အုံကြွက်သားတွေကို တစ်စွန်းတစ်စ မြင်နေရ၏။ ယောက်ျားပီသသည့် ကိုယ်လုံးကိုယ်ထည် တောင့်တောင့်ကို ရရှိလာဖို့ လပေါင်းများစွာ gym ဆော့ထားရတာက အလကားတော့ မဟုတ်။
လူတွေက ကြည့်ကောင်းသည့် ခန္ဓာကိုယ်ေတွကိုသာ အားကျတတ်ကြသည်။ နောက်ကွယ်မှာ မည်မျှအထိ အားအင်စိုက်ထုတ်ထားရသည် ဆိုတာကိုတော့ သိချင်မှ သိကြလိမ့်မည်။ ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ခန္ဓာကိုယ် တည်ဆောက်ပုံ ကောက်ကြောင်းတွေက မွေးရာပါ အချိုးကျလှပနေကြတာ မဟုတ်။ လှပလာအောင် လုံ့လတွေ စိုက်ထုတ်ကာ ကြိုးစားခဲ့ကြရတာချည်းပင်။
A3 အဖွဲ့ရဲ့ Name ဆိုသော သီချင်းကို မှန်ကြည့်ရင်း ဟန်ပါပါ သီဆိုလိုက်သည်။ ဒီသီချင်းက သူကိုယ်တိုင် A3 အဖွဲ့အတွက် ရေးပေးထားသည့် Album ထဲတွင် ပါဝင်သော သီချင်းတစ်ပုဒ်ပင်။ သီချင်းဆိုရတာ ဝါသနာ သိပ်မပါသော်လည်း တစ်ခါတလေမှာတော့ စိတ်ရူးပေါက်ချိန်လေးတွေက ရှိေတာ့ရှိပါရဲ့။
YOU ARE READING
ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)