22_U

7.6K 797 43
                                    

အကျင့်ဖြစ်နေတဲ့ အသိသတိက နိုးထရမဲ့အချိန်ကျလာသည်နှင့် အလိုလို အိပ်ရာထမိရသည်။ ဆောင်းနေ့ယံ နိုးလာတော့ သူ့ဘေးမှာ စွဲက စက်တော်ခေါ်နေတုန်းပင်။ ညတုန်းကတော့ သူ့ကို အနောက်က‌နေ ပွေ့ဖက်ပြီး အိပ်ခဲ့ပေမဲ့ မနက်ကျတော့ စွဲက ဘေးမှာ မှောက်လျက်သားဖြစ်နေလေပြီ။ သို့ပေမဲ့ သူ့လက်တစ်ဖက်ကတော့ နေ့ယံဗိုက်ပေါ်မှာ ဖက်လျက်သား။

ဒီအမျိုးသားက နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ အချိန်မှာတောင် ချောမောနေဆဲပင်။ အိပ်တဲ့အခါမှာလည်း ဆိုးဝါးတဲ့အမူအကျင့်တွေ မရှိနေခဲ့ပါ။ ပထမဆုံးညမှာပင် နေ့ယံသိလိုက်ရပါ၏။

သူ့ဘေးက လူကို ကြည့်၍ တစ်ချက်ပြုံးလိုက်ပြီးနောက် နေ့ယံ အိပ်ရာထရန် ပြင်မိသည်။ နေ့ယံက စွဲမြတ်ထင်သာကို မနိုးစေချင်သေးတာကြောင့်
ဖက်ထားသည့် လက်ကို အသာလေး ဖယ်ချနေရသည်။ သို့ပေမဲ့ အအိပ်အလွန်ဆတ်သည့် တစ်ယောက်က လူးလွန့်လို့လာလေပြီ။

"ကိုနေ့ "
မနိုးတနိုး ဖြစ်နေသည့် အသံလေးက ခပ်တိုးတိုးလေး။ မျက်လုံးတွေကိုလည်း ခပ်ဟဟဖွင့်ကြည့်လိုက်သေး၏။

"နိုးသွားလား ဆောရီး၊ ပြန်အိပ်လိုက်ဦး"

"ဟင့်အင်း"
ဟင့်အင်းဆိုပြီး လူက ထထိုင်နေပြန်၏။

"ဘာလို့ ထလာတာလဲ...ပြန်အိပ်လေ စွဲ၊ ကျောင်းသွားဖို့ အချိန်လိုသေးတယ် မဟုတ်လား"

"ဟင့်အင်း နိုးသွားပြီ...မနက်စာ ကူပြင်ပေးမလို့ ကိုနေ့ကို"

အလိုက်သိလွန်းသည့် ကောင်လေးက ချစ်ဖို့တော့ ကောင်းလှ၏။

"အဲဒါဆိုလည်း ထထ"

နေ့ယံက ပြောပြီးတာနဲ့ မွေ့ရာပေါ်ကနေ ဆင်းသွားသည်။

"ကိုနေ့"

နာမည်ခေါ်လိုက်တဲ့ အသံက သာမန်မဟုတ်။ ချွဲနေသလိုလို လေသံလေးပါနေလေ၏။

"ကျွန်တော့်ကို မောနင်းကစ်(စ်) ပေးသွားဦးလေ"

"ငချွဲလေးပဲ မင်းက"

ဆောင်းနေ့ယံ ပြန်လှည့်သွားရပြီးတော့ မွေ့ရာပေါ်ကတစ်ယောက်ရဲ့ နှုတ်ခမ်း နီမြန်းမြန်းတွေအား အနမ်းပေးလိုက်ရ‌သည်။ ဒီတော့မှ စွဲက မျက်လုံးပိတ်လျက်သားနှင့် "အဟင်း"ဆိုပြီး ကျေနပ်အပြုံး ပြုံးသွားတော့သည်။

ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)Where stories live. Discover now