15_U

11.2K 1.3K 105
                                    

မြူတွေက ရှေ့မြင်‌ကွင်း မှန်သမျှကို အုပ်ဆိုင်းနေခဲ့၏။ ဘယ်အရပ်မျက်နှာကိုပဲ မူတည်လိုက်ပါစေ ဦးတည်ရာ လမ်းကြောင်းကို မမြင်ရနိုင်ဘဲ ရှိနေသည်။

သူအခု ရောက်နေသည့် နေရာက သစ်တောကြီး တစ်ခုထဲမှာ။ ပိန်းပိတ်အောင် ဖုံးလွှမ်းနေသည့် မြူငွေ့တွေကြောင့် သူ့ခြေလှမ်းတွေက ရှေ့မဆက်နိုင်ဘဲ ရှိနေရသည်။

ဒါဘယ်နေရာလဲ။ သူအခု ဘယ်ကို ရောက်နေတာလဲ။ သူ့သမီးရော ...။ မိုးဦးလေချို ဘယ်မှာလဲ။

“ချိုကို သမီး ...သမီးရေ ...ချိုကို ...”

ပြန်ထူးသံ မကြားရ။ အနီးအနားမှာ ဘယ်သူမှလည်း ရှိပုံမရ။

“ချိုကို ပါပါး ခေါ်နေတယ်လေ ...”

ခြေလှမ်း‌ေတွက အလိုလို ရွေ့သွားရသည်။ အေးစက်စက် ဖြစ်နေသည့် ခံစားမှုကြောင့် အောက်ကို ငုံ့ကြည့်လိုက်မိတော့ သူ့မှာ ခြေဗလာ ဖြစ်နေခဲ့သည်။ ဝတ်ထားသည့် အင်္ကျီ‌ေဘာင်းဘီတွေက အထက်အောက် ဖြူလွလွ။ အဖြူပေါ်မှာ သွေးစက်အရောင် တချို့က စွန်းထင်းနေလျက်။

ထိုအချိန်မှာ မိုးဦးလေချိုအပြင် ခေါင်းထဲ ထပ်မံ ဝင်ရောက်လာခဲ့သည့် လှုံ့ဆော်မှုက တစ်စုံတစ်ယောက်ပင် ဖြစ်သည်။

“စွဲ ...စွဲမြတ်ထင်သာ မင်းဘယ်မှာလဲ ...”

စွဲမြတ်ထင်သာ။ ရေချိုးခန်းထဲမှာ သူချော်လဲကျသွားပြီးနောက် သူ့ကို အကူအညီ ပေးရန် ရောက်လာခဲ့သည့် သူ့ကောင်လေး။
စွဲက သူအခု ဒီနေရာမှာ ရောက်နေတာကို သိနေလောက်မလား။
သူရှိနေသည့် နေရာကို ပြေးလာပြီး သူ့ကို လာခေါ်နိုင်လောက်လား။

“စွဲရေ ...စွဲ ငါ့ကို ကူညီပါဦး ...”

“ကိုနေ့ ...”

အသံလေးက နီးနီးလေးကနေ ကပ်၍ ထွက်လာသော်လည်း လူကိုတော့ မမြင်ရ။ ဝန်းကျင်အနှံ့ကို သူ လိုက်လှည့်ကြည့်မိသည်။ မည်သူမှ မတွေ့။

“စွဲ မင်း ဘယ်မှာလဲ ...ငါ့ကို လာခေါ်‌ေပးပါဦး ...”

“ကိုနေ့ ကျွန်တော် ရှိတယ် မကြောက်နဲ့ နော်...”

အသံပဲ ကြားနေရသည်။ လူကို အခုထိ ရှာလို့ မတွေ့သေး။
ဒါဘာတွေလဲ။ သူအခု သေဆုံးသွားတာများလား။
ဒါဆိုရင် ကလေးက ... သမီးလေးကို တစ်ယောက်တည်း ထားခဲ့ရတော့မှာလား။
နွေချိုချိုကရော သူ့သမီးကို စောင့်ရှောက်ချင်ပါ့မလား။

ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)Where stories live. Discover now