8_Z

3.2K 186 6
                                    

"ကိုနေ့ ...ကျွန်တော် ဒီနေ့တော့ ကူညီပေးပါရစေနော် ..."

ညစာစားခါနီးကျမှ ချိုကို့ကို အပေါ်တက်ပြီး ခေါ်ခိုင်းလိုက်မည်ဟု စဉ်းစားထားမိသော်လည်း ချက်ပြုတ်လုပ်ကိုင်နေချိန်မှာပင် ဧည့်သည်လေးက ရောက်လာခဲ့တော့သည်။ ဆောင်းနေ့ယံ လက်မခံသော်လည်း ကူညီပေးရန်အတွက် သူနဲ့အတူ ထမင်းစားခန်းထဲကို ရောက်နေလေပြီ။ မပြောသာတော့၍ ဒီအတိုင်းသာ ခွင့်ပြုပေးလိုက်ရသည်။ ချိုကိုလေးကတော့ ကျောင်းက ပြန်ရောက်ပြီးတည်းက သူ(မ)အခန်းထဲမှာ ဝင်ဆော့နေပြီး ပြန်ထွက်မလာသေး။

စားပွဲပေါ်မှာ ကြက်သွန်နီ ထိုင်ခွာနေသော ကောင်လေးကို တစ်ချက်လှမ်းကြည့်ဖြစ်ရင်း ညနေတုန်းက အဖြစ်ကို အတွေးက ရောက်ရ၏။ အိမ်ပြန်လိုက်ပို့ရင်း ကားပေါ်မှာ ပြောခဲ့သော စကားတွေက မရေမရာ။ ထိုစကားတွေကြောင့် ကိုယ်ကသာ စွဲမြတ်ထင်သာနဲ့ မျက်နှာချင်း မဆိုင်ရဲဘဲ မလုံမလဲ ဖြစ်နေရသည်။ မရေမရာ စကားတွေအား ပြောဆိုခဲ့သည့် ကာယကံရှင်လေးကတော့ ခပ်တည်တည်သာ။ သူ မဟုတ်သလိုပင်။

သူကပဲ စိတ်ထင်ပြီး ရမ်းသမ်း တွက်ချက်လိုက်မိလေသလား။ သူနဲ့ တွဲချင်နေသည်ဟု အထင်မှားလိုက်မိလေသလား။ ကောင်လေးပုံစံကတော့ တည်တည်ငြိမ်ငြိမ် ပေါ့ပေါ့ပါးပါးပင်။

"ကိုနေ့ ..."

နှာခေါင်းရှုံ့သံ တစ်ချက်နှင့်အတူ ‌လှမ်းခေါ်နေသော စွဲ။
ထိုကောင်လေး ကြက်သွန် မွှန်နေလေပြီ။ နီရဲ၍ မျက်ရည်ကြည်တွေ ဝေ့ဝဲနေသော မျက်ဝန်းအစုံနှင့် ဆောင်းနေ့ယံကို လှမ်းကြည့်နေခဲ့သည်။

"ကျွန်တော် မွှန်နေပြီ ..."

သနားစဖွယ် မျက်နှာပေးလေး လုပ်ပြနေသော ကောင်လေးက သူ့ဆီ အားကိုးတကြီး လှမ်းကြည့်နေရှာသည်။

"မျက်လုံး သိပ်မမြင်ရဘဲ လုပ်လိုက်တာ ဓားပါရှသွားပြီ ..."

ဘယ်အချိန်က ထိရှသွားမှန်း မသိသော ဓားဒဏ်ရာတစ်ချက်က လက်ညှိုးလေး တစ်ချောင်းပေါ်မှာ ရှိနေသည်။ ပြတ်ရှရာ သေးသေးလေးမှာ သွေးတချို့က စိမ့်ထွက်နေခဲ့သည်။ စွဲက သူ့လက်ချောင်းလေးကို ထောင်ပြ၍ နေ့ယံကို ပြော‌နေ၏။

ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)Where stories live. Discover now