အိမ်ပြန်လာခဲ့သည့် တစ်လျှောက် စွဲနဲ့သူ ဘာစကားမှပင် မဆိုဖြစ်ခဲ့ကြ။ အိမ်ပြန်ရောက်တော့လည်း နေ့ယံက နှုတ်ဆိတ်နေခဲ့သည်။
"ကိုနေ့ ကျွန်တော်တို့ စကားပြောရအောင်လေ"
"အင်း ပြီးမှ၊ ရေချိုးလိုက်ဦးမယ်"
ဆောင်းနေ့ယံ အေးဆေးနေတာကို ကြည့်ပြီးတော့ စွဲက သိပ်နားမလည်နိုင်ပေ။ ပုံမှန်ဆိုလျင် အိမ်ရောက်တာနဲ့ ပြဿနာရှာလိမ့်မည်သာ။ လက်ထပ်မည့်ကိစ္စကို သူ့ကို ကြိုမပြောဘဲ လိမ်ထားပြန်ပြီလားဟု ရန်လုပ်နေမည် မဟုတ်လား။ အခုကျတော့ ထင်သလို မဟုတ်ခဲ့။
ဆောင်းနေ့ယံက တိတ်တဆိတ် ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။ အခြေအနေကို နားမလည်နေပေမဲ့ အတင်းဖိအားပေးပြီး စကားမပြောချင်တာကြောင့် စွဲလည်း ငြိမ်နေလိုက်ရသည်။ သူလည်း အပေါ်ထပ်မှာ ရေသွားချိုးနေလိုက်ရ၏။
ရေချိုးပြီး စွဲမြတ်ထင်သာ ပြန်ထွက်လာတော့ နေ့ယံက အပေါ်ထပ်မှာ ရောက်နေလေပြီ။ ခြံရှေ့ဘက်ကို မျက်နှာမူပြီး ထုတ်ထားသည့် ဝရန်တာလေးမှာ နေ့ယံက တစ်ယောက်တည်း ရပ်နေခဲ့၏။
"ကိုနေ့"
"ဟင်"
လှည့်ကြည့်လာခဲ့သည့် မျက်နှာလေးက ခပ်အေးအေးလေးပင်။ ရေချိုးပြီးကာစ မျက်နှာလေးက နုသစ်ကြည်စင်လို့ပင်။ စွဲက ထိုမျက်နှာလေးကို သဘောကျမိသွားကာ တစ်ချက်အနမ်းပေးလိုက်မိသည်။ ထူးထူးဆန်းဆန်းပင် ဆောင်းနေ့ယံက သူ့ကို ကြည်ဖြူနေလေသည်။ မရုန်းဖယ်သလို ငြင်းလည်း မငြင်း။
"ဘာတွေ တွေးနေတာလဲ ခြံရှေ့ကို ကြည့်ပြီးတော့"
ခြံရှေ့ဘက်မှာက ထွေထွေထူးထူးရယ်တော့ ကြည့်စရာ မရှိပေ။ ဒီရပ်ကွက်လေးမှာ အထပ်မြင့် တိုက်တွေတော့ သိပ်မပေါပေမဲ့ အိမ်တိုင်းခြံတိုင်းမှာ သစ်ပင်ကြီးငယ်တွေတော့ ရှိတတ်ကြသည်။ သူတို့အိမ် ခြံဝင်းထဲမှာလည်း အပင်ကြီးတချို့က ရှိနေပါ၏။ အိမ်ရှေ့ကို ဝရန်တာအပေါ်ကနေ ကြည့်လိုက်ရင် လမ်းမကိုပင် ကောင်းကောင်း မမြင်ရနိုင်။
"မင်းအကြောင်း ...ငါတို့အကြောင်း"
"အနာဂတ်ကိုလား"
DU LIEST GERADE
ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)