4_Z

4K 174 4
                                    

“ဒီပစ္စည်း‌တွေကို ကျေးဇူးပြုပြီး ...ဖြည်းဖြည်းချင်းစီ ...သယ်သွားပေးပါနော် ငါ့အစ်ကိုတို့ ...ဒါလေးတွေက ထိခိုက်မိလို့ မဖြစ်တဲ့ဟာတွေ မို့လို့ပါ ...အကူအညီတောင်းပါတယ် ...”

Piano keyboard အစုံလိုက်နှင့် guitar နှစ်လက်ကို နှစ်ထပ်အိမ် အပေါ်ထပ် တိုက်ခန်း‌လေးဆီ သယ်ဆောင်‌နေကြသော လူတစ်စု။ ပိုင်ရှင် စွဲမြတ်ထင်သာက အိမ်အပြောင်းအရွှေ့ ဝန်ဆောင်မှုမှ ဝန်ထမ်းတွေကို အကူအညီတောင်းဆိုနေခြင်း။ တခြား အသုံးအဆောင် ပစ္စည်းတွေ သယ်နေတုန်းက အသံမထွက်လာခဲ့။ တူရိယာပစ္စည်းတွေ အလှည့်ကျတော့မှ ပိုင်ရှင်က ဂရုစိုက်ရန် မှာကြားနေခဲ့သည်။ သူတန်ဖိုးထားသော အရာတြွေဖစ်မှန်း ခန့်မှန်းလို့ ရနေ၏။

အပြုံးလည်း ချိုသည်။ အပြောလည်း ချို၏။ စွဲမြတ်ထင်သာတို့က ကိုယ်လိုချင်သည့် အနေအထားမျိုးကို တစ်ပါးသူ နားဝင်လက်ခံလာအောင် ပြောဆိုသည့် နေရာမှာလည်း ပါရမီကို ပါသည်။

သည်နေ့က အိမ်ပြောင်းလာသော ပထမဆုံးရက်။ သယ်စရာ ပစ္စည်းတွေက အမျိုးအစား ခပ်များများ။ ဒါတောင်မှ မဖြစ်မနေ အသုံးပြုရမည့် အရာတွေကိုသာ သယ်ဆောင်လာခဲ့တာ ဖြစ်သည်။ ကျန်သည့် ပစ္စည်းတွေကိုတော့ အရင်အိမ်မှာပဲ သူချန်ထားခဲ့လိုက်ရ၏။

“ဟိုတစ်‌ခေါက် ပြောတုန်းက စီးပွားရေး မေဂျာတစ်ခု တက်နေတာလို့ ကြားမိသလားလို့လေ ...”

အသံက စွဲမြတ်ထင်သာ အနောက်ဘက်ကနေ ထွက်လာခဲ့သည်။ စွဲက လှေကားခြေရင်း နေရာလောက်မှာ ရပ်နေတာ ဖြစ်သည်။ လှည့်ကြည့်လိုက်တော့ အောက်ထပ်အိမ်မှ သားအဖနှစ်ယောက် ဖြစ်နေ၏။

ပစ္စည်းတွေ သယ်လာခဲ့သည့် ကားကြီးနဲ့အတူ စွဲလည်း ရောက်လာခဲ့သည်။ သူကတော့ ကိုယ့်ကား ကိုယ်တိုင် သပ်သပ် မောင်းလာခဲ့တာပင်။ အိမ်ရှေ့ကို ကားတွေ ဆိုက်လာသည့် အချိန်တုန်းက အိမ်ပိုင်ရှင်ထံ စွဲက အရင်ဆုံး အသိသွားပေးလိုက်သေး၏။ ထိုအချိန်တုန်းက သားအဖနှစ်ယောက် နံနက်စာ စားနေရင်းတန်းလန်း ဖြစ်နေတာမို့ သေချာ အပြင် မထွက်ကြည့်ခဲ့ကြပေ။

အခုမှ စားသောက် ပြီးစီးသွားလို့ ထင်၏။ အပြင်ထွက်လာကြပြီး စွဲမြတ်ထင်သာ အနားကို ရောက်လာကြတော့သည်။ သားအဖနှစ်ယောက်လုံးက အပြင်ထွက်ကြမည့်ပုံစံ ပေါက်နေသည်။ အိတ်ကိုယ်စီ လွယ်လို့ပင်။ ကိုယ်စီ ဘယ်ကို သွားကြမှာလဲ ဆိုတာက မေးစရာ မလိုလောက်အောင်ပဲ သိသာနေခဲ့သည်။ ဆောင်းနေ့ယံဆိုတဲ့ လူက ဂီတာအိတ်ကို လွယ်ထားပြီး ကလေးပိစိ‌ကတော့ ကျောပိုးအိတ် အသေးလေးကို လွယ်ထားသည်လေ။

ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)Donde viven las historias. Descúbrelo ahora