S & NY ... Wedding

9.3K 629 38
                                    

(Unicode & Zawgyi)

ချစ်ခြင်းမေတ္တာတွေနဲ့ မျှော်လင့်စောင့်စားခဲ့ရတဲ့ မဂ်လာပွဲလေးတစ်ခုက ကျင်းပရန် အချိန်ကျရောက်လို့လာခဲ့သည်။ နိုင်ငံက တရားဝင်ခွင့်ပြု ပေးထားသည့် လိင်တူလက်ထပ်ခွင့်ဥပဒေကြောင့် နှစ်ယောက်သားဟာ တရားရုံးမှာ အရင်ဆုံး လက်မှတ်ရေးထိုးပြီးခဲ့ကြပြီဖြစ်သည်။ မဂ်လာပွဲအခမ်းအနားလေးကတော့ အခုမှသာ။

စွဲမြတ်ထင်သာနှင့် ဆောင်းနေ့ယံတို့၏ မဂ်လာပွဲက အတတ်နိုင်ဆုံး private ဆန်ဆန်လုပ်ဖြစ်ခဲ့ကြသည်။ ရင်းနှီးလှတဲ့ မိတ်ဆွေတချို့နှင့် မိသားစုတွေသာ ရှိနေကြသည့် မဂ်လာပွဲလေး။ ဘယ်မီဒီယာကိုမှ ကြိုတင် အသိမပေးထားခြင်း မရှိခဲ့။ ပွဲ၌လည်း သတင်းမီဒီယာတွေကို မခေါ်ယူထားခဲ့။ တိတ်တဆိတ်သာ ကျင်းပခဲ့သည့် ပွဲလေးက outdoor အနေဖြင့်သာ။

မဂ်လာပွဲတွေ ကျင်းပလေ့ရှိသည့် Wedding Park တစ်ခုထဲမှာ wedding decoration အပြင်အဆင်တွေက အဖြူရောင်နဲ့ သစ်စိမ်းရောင်လေးတွေသာ လွှမ်းခြုံထားလျက်။ မြက်ခင်းစိမ်းစိမ်းပေါ်မှ ထိုင်ခုံဖြူဖြူလေးများ၊ အမျိုးအစား စုံလင်လှတဲ့ အဖြူရောင် ပန်းများနဲ့ ဂီတနုတ်သဏ္ဌာန် အဆင်အယင်များလည်း ရှိနေခဲ့သည်။ music wedding theme မျိုးကို ပုံဖော်ထားခြင်းကလည်း သူတို့ နှစ်ယောက်ရဲ့ ideas ပင်။ အစားအသောက်နှင့် မဂ်လာကိတ်တွေကအစ music theme က ပါဝင်နေသည်။

ပွဲအဝင်ဝ အနားမှာတော့ သတို့သားနှစ်ယောက်ရဲ့ 
wedding photoတွေက အသီးသီးနေရာယူထားကြ၏။ အများစုက ဂီတာကိုယ်စီကိုင်၍ ရိုက်ထားသည့် ပုံတွေပင်။ Piano ကြီးတစ်ခုဘေးမှာ နှစ်ယောက်သား tuxedo suit တွေနှင့် ရိုက်ထားတာလည်းရှိသည်။ မိုးဦးလေချိုနဲ့အတူတူ ရိုက်ထားသည့် မိသားစုသုံးယောက်ပုံလေးလည်း ပါဝင်နေသေးသည်။

မဂ်လာပွဲ၏အဝင် flower arch နားမှာ သတို့သားနှစ်ယောက်လုံးက အပြုံးကိုယ်စီနှင့် ရပ်နေခဲ့ကြသည်။ ပွဲရဲ့ အဓိကပုဂ္ဂိုလ်နှစ်ယောက်ကတော့ tuxedo suit တွေနှင့် ခန့်ညားသပ်ရပ်နေကြ၏။ ဒီဇိုင်းခပ်ဆင်ဆင်တူသည့် အနက်ရောင်နှင့် အဖြူရောင် tuxedo တွေက အရပ်မြင့်မြင့် ယောက်ျားလေးနှစ်ယောက်အတွက် ပြည့်စုံလွန်းနေခဲ့သည်။

ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)Where stories live. Discover now