9_U

10K 1.3K 143
                                    

"ဘုန်း .. ဘုန်း .. ဘုန်း .."

လက်ဝှေ့ အားကစား ခန်းမလေးထဲမှာ လူတစ်ယောက် ရှိနေသည်။ သူက စွဲမြတ်ထင်သာပင်။ တွဲလောင်း ချိတ်ထားသည့် အနက်ရောင် လက်ဝှေ့အိတ်ကြီးကို တစ်ချက်ပြီး တစ်ချက် ထိုးနှက်‌ေနသည့်လူက တစ်ယောက်တည်းသာ။ လာရောက် ကစားသူ မရှိသေးသည့် အချိန် ဖြစ်တာကြောင့်လည်း ပါမည်။

တစ်ခါတစ်ရံမှာ Gym ဆော့ပြီး တစ်ခါတလေကျတော့ လက်ဝှေ့အားကစား လုပ်တတ်သည်။ တစ်ခါ တစ်ခါကျတော့လည်း ရေကူးအားကစားဘက်ကို အပြောင်းအလဲလေး သွားတတ်သေးသည်။ ဒီ လက်ဝှေ့ကလပ် ကတော့ သူလာနေကျ နေရာတစ်ခုပင်။

Stress တွေကို လျော့ကျစေရန်အတွက် အကောင်းဆုံး နည်းလမ်းတွေထဲတွင် အားကစားလည်း ပါဝင်၏။ အထူးသဖြင့် လက်ဝှေ့အားကစားက ပိုကောင်းသည်။ လက်ဝှေ့အိတ်ကြီးကို မကျေမနပ် ဖြစ်စရာတွေ အားလုံး စုပြုံ ပုံချနေလို့ရသည်လေ။

"စဉ်းစားပေးပါ့မယ်လို့ ပြောရင် ဘာဖြစ်သွားမှာမို့လို့လဲ ..."

"ဘုန်း ..."

"ဘာလို့ အတင်းငြင်းလိုက်တာလဲ ...လူကို အရှက်‌ရအောင်လို့ ..."

"ဘုန်း ..."

"ငါက ဘယ်နေရာကများ ချို့ယွင်းနေလို့ ပြန်မကြိုက်နိုင်ရတာလဲ ..."

"ဘုန်း ..."

"ဒီလောက်ထိ ခခယယ ဖွင့်ပြောခဲ့တာကိုတောင် လူကို ပစ်စလက်ခတ် ငြင်းရက်တယ် ..."

"ဘုန်း ..."

တစ်ခွန်းပြောပြီး တစ်ချက်ထိုးနေသည်။ လက်သီးချက်က ပျော့ပျော့ပျောင်းပျောင်းလည်း မဟုတ်။ ပြင်း၏။ ဒေါသတွေက အငြင်းခံလိုက်ရသည့် ရက်မှစ၍ သုံးလေးရက်တိုင်တိုင် ပြေလျော့မသွားခဲ့။ ဒေါသထွက်သည် ဆိုတာထက် အရှက်ရမိတာက ပိုဆိုးနေသည်။ သူက ဘယ်တုန်းကများ အငြင်းခံခဲ့ရဖူးလို့လဲ။
ပစ်ပစ်ခါခါကြီး ငြင်းထုတ်ခံလိုက်ရဖူးတာက ဒါပထမဆုံး။

ဆောင်းနေ့ယံကို သူ လျော့လည်း မတွက်ခဲ့ဖူးပါ။
ဒါကြောင့်လည်း အရင် Date ကြည့်ရအောင်လို့ တောင်းဆိုခဲ့ခြင်းသာ။ အချိန်ယူပြီး စောင့်ပေးပါမည်ဟုလည်း တောင်းဆိုခဲ့သေးသည်။ သဘောကျမိခြင်းမှာပဲ မြန်မြန်ဆန်ဆန် ဖွင့်ပြောမိလိုက်တာက သူ့အကျင့်အရပင်။ သူ့စရိုက်ကိုက ချက်ချင်း အကောင်အထည် ဖော်တတ်သည့် ကာရိုက်တာမျိုးမို့။

ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)Where stories live. Discover now