သင်ခန်းစာတွေ ရှင်းပြနေသော ပါမောက္ခက စာသင်ခန်းေဟာကြီးရဲ့ အရှေ့ဆံုးထိပ်မှ စတိတ်ပေါ်တွင် ရှိနေသည်။ အာရုံစိုက် နားထောင်နေကြသော ကျောင်းသားတွေကလည်း အတန်းထဲမှာ ပြည့်လုနီးပါးပင်။ ဒီေန့ အတန်းကို သင်သည့် ပါမောက္ခက နာမည်ကြီးသည်။ သေချာပေါက် ဒီအတန်းကိုတော့ ဘယ်သူမှ မလွတ်ချင်ကြပါ။ ကျောင်းကို ပုံမှန်မလာ အတန်းကိုလည်း ပုံမှန် မတက်တတ်သည့် စွဲမြတ်ထင်သာလို လူတောင်မှ ဒီအတန်းအတွက် အချိန်လု၍ ရောက်လာရသည်ကိုပဲ ကြည့်။
“ကျောင်းတွေ ဘာတွေ လာလို့ပါလား ငါ့ကောင် ...”
ဘေးမှ အတန်းဖော် သူငယ်ချင်းက ပုခုံးချင်းတိုက်ကာ စွဲမြတ်ထင်သာအား တီးတိုးကပ်ပြောလာသည်။
“မရွဲ့နဲ့ ...ဒီလောက် အရေးကြီးတဲ့ အတန်းကို ငါက လာမတက်စရာလား ...”
သင်ခန်းစာ နားထောင်ရင်း Note တချို့ ရေးမှတ်နေခဲ့သည့် သူကလည်း မျက်လုံးတွေ မှေးစင်း၍ ခပ်တိုးတိုးလေး ပြန်ပြောလိုက်၏။ စာသင်ခန်းထဲက စွဲမြတ်ထင်သာပုံစံက တခြားကျောင်းသားတွေနဲ့ မတူဘဲ ကွဲထွက်နေခဲ့သည်။
ရုပ်ချောတိုင်းလည်း တချို့က ဆွဲဆောင်မှု ရှိချင်မှ ရှိသည်။ တချို့ကျတော့လည်း ကိုယ်နေဟန်ထား သွားလာလှုပ်ရှားမှုတွေက ကြည့်မကောင်းတတ်ကြပါ။ စွဲမြတ်ထင်သာ ဆိုသော ယောက်ျားကတော့ ဘာလုပ်လုပ် ကြည့်ကောင်းနေတာမျိုးဟု ပြောလျင် လွန်အံ့မထင်။
စကားအပိုတွေ ချဲ့ကား ပြောဆိုခြင်း မဟုတ်မှန်း မျက်မြင် တွေ့လိုက်ရမှသာ ခေါင်းတဆတ်ဆတ် ညိတ်ကုန်ကြလိမ့်မည်။ မွေးရာပါ တမူထူးခြားသူတွေဟာ လူတွေအားလုံးရဲ့ အာရုံတွေကို ဖမ်းစားနိုင်ကြ၏။ အမြဲတမ်း သူရောက်ရှိနေရာ အရပ်ဒေသသည် စင်မြင့်ပေါ်မှာ ထွန်းလင်းေပးနေသည့် ဆလိုက်မီးရောင်တွေလိုမျိုး။ သူ့တစ်ဦးတည်း ဆီကိုပဲ မဖြစ်မနေ အနည်းဆုံး တစ်ခါေလာက်ေတာ့ အကြည့်ရောက်သွားနိုင်လိမ့်မည်။
အခုလည်းကြည့်။ လက်တစ်ဖက်နဲ့ မေးထောက်ထားပြီး ကျန်လက်တစ်ဖက်နဲ့ Note ရေးနေသည့် အနေအထား။ ထိုအမူအရာက မော်ဒယ်တစ်ယောက် ပိုစ့်ပေးနေသည့် ပုံစံမျိုးနှင့် ဆင်နေခဲ့သည်။
VOCÊ ESTÁ LENDO
ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)