Part (1) Unicode

3K 81 11
                                    

"ဒုန်း !!!!! ခွမ်း! !!!!"

အော်ဟစ် ရန်ဖြစ်သံ ၊ ပစ္စည်းများကျကွဲသံများဖြင့် ဆူညံနေသော နေရာသည် တစ်ရပ်ကွက်လုံးတွင် နှိုင်းတို့အိမ်တစ်အိမ်သာရှိသည်။ နေ့စဥ်နေ့တိုင်းလိုလိုပင် ကြားနေရသောကြောင့် ပတ်ဝန်းကျင်မှ လျစ်လျူရှုထားသည်။ ဖေဖေနှင့်မေမေ၏ နေ့စဥ်နဲ့အမျှ ရန်ဖြစ်သံများမှ နှိုင်းတို့အတွက်အထူးအဆန်းမဟုတ်ပေ။

သူမနာမည်အပြည့်အစုံသည် နှိုင်းယှဥ်ဝင့်လွှာဖြစ်သည်။ နှိုင်းသည် မွေးချင်းများအနက် အလတ်ဖြစ်သည့်အလျောက် အကြီးနှင့်အငယ်များ၏ ဒဏ်ကိုအများဆုံးခံရသည်။ ထို့အပြင် ဖေဖေနှင့် မေမေ ရန်ဖြစ်တိုင်း နှိုင်းသည် ဓားစားခံ ဖြစ်ကာ ရိုက်နှက်ခံနေရကြဖြစ်သည်။ သူမလူမှန်းသိတတ်စ အရွယ်ကတည်းကပင် သိတတ်လိမ္မာသည့် သမီးတစ်ယောက်ဖြစ်ခဲ့သည်။

လိမ္မာသည့်ကလေးသည် အချစ်မခံရ ဟူသည့်ဆိုရိုးသည် မည်သည့်နေရာမှ ပေါ်ထွက်လာမှန်းမသိသော်လည်း နှိုင်းအတွက်တော့ မှန်နေသလိုပင်။ သူမနှင့်အသက်၅နှစ်ကွာသော အကိုသည် ကြုံရင်ကြုံသလို သူမအားအနိုင်ကျင့်တတ်သေးသည်။ မိသားစု၏ အကြီးဆုံးသားဖြစ်သော်လည်း အိမ်၏ တာဝန်များအား ခေါင်းရှောင်နေခဲ့သည်။

သားဦးဖြစ်သောကြောင့်ငယ်စဥ်ကပင် အလိုလိုက်ခြင်းခံရသောကြောင့် ဆိုးသွမ်းနေသည်။ အိမ်တွင်ရန်ဖြစ်ပါက အပြင်သို့ရှောင်ထွက်သွားတတ်သည်။
နှိုင်းထက် ၃နှစ်ခန့်ငယ်သော ညီမလေးတစ်ယောက်ရှိသေးသည်။ ငယ်ရွယ်လွန်းသည့် ညီမလေးအား သူမတစ်ယောက်ထဲသာ ဂရုစိုက်ရသည်။ ရန်ဖြစ်နေချိန်တွင် နှိုင်းကြောက်နေခဲ့လျှင်တောင် ညီမငယ်လေးရှိသေးသည့်အတွက် အားတင်းကာ ညီမငယ်အား ချော့မြူရသည်။

နေ့စဥ်နဲ့အမျှ ရန်ဖြစ်သံများဖြင့် စည်ကားနေသော သူမတို့အိမ်သည် အိမ်နှင့် နဲနဲလေးမျှမတူပေ။ အပျက်အစီး အကွဲအရှများအားလည်း သူမပင်သိမ်းရသည်။ ငယ်ရွယ်လွန်းသည့် သူမသည် အသက်အရွယ်နှင့်မလိုက်အောင်ပင် ပင်ပန်းလှသည်။နွေးထွေးပြီး ကြင်နာသည့် မိသားစုအရိပ်အမြုံလေးအား သူမမြင်တွေ့ရတိုင်း အားကျမိသည်။  ဘယ်ဘဝ၏ ဝဋ်ကြွေးများကြောင်​့ သူမအတွက် ပျော်ရွှင်အေးချမ်းသည့်မိသားစုမရရှိရသနည်း။

ပြိုကျလျက်ရှိသော မိုးရိပ်Where stories live. Discover now