Part (9){ Unicode }

446 27 5
                                    

ရင်နာနာဖြင့် နှုတ်ဆက်ခွဲခွာပြီးနောက် ပျော်မြူးနေသော ကျောပြင်လှလှလေးအားသာ ငေးကြည့်နေမိသည်။ ဟန်ဆောင်ကောင်းသော သူမ၏ အမူအရာသည် ကဗျာ့၏ အပြုံးလှလှလေးအောက်တွင် ကျရှုံးခဲ့သည်။ ယနေသည် သာမန်ထက်ပို၍ ပျော်စရာကောင်းသော နေ့ရက်တစ်ခုပင်။

ကဗျာနှင့်ရင်းနှီးခွင့်ရခြင်းသည် သူမအတွက် ကောင်းကင်ဘုံမှပေးသော ဆုလာဘ်တစ်ခုပင်။ အဝေးမှ ငေးကြည့်ခွင့်ရစဥ်ကပင် နှိုင်းရူးမတတ်ပျော်ရွှင်ခဲ့ဖူး၏။ ထို့ကြောင့် ယခုလို ရင်းနှီးခွင့်ရခြင်းသည် သေမတတ်ပင် ပျော်စရာကောင်းနေသည်။ ထူးဆန်းသိသာစွာ ပေါ်နေသော မျက်နှာမှ အပြုံးတို့ကြောင့် ကြည့်နေသူ မြသွေးပင် အပျော်ကူးစက်စေသည်။

"နှိုင်း ပျော်လား "

"အရမ်းပျော်တယ် "

သူမ သတိမထားမိစွာ ဖြေလိုက်ပြီးနောက်တွင် မြသွေးအား မျက်နှာပူစွာ လှည့်ကြည့်လိုက်သည်။

မြသွေးသည် အံ့သြသွားဟန်မရှိ ကြိုတင်သိနေသလိုပင်။

"အဲ့လောက်တောင် ပျော်စရာကောင်းလား "

"အဲ့တာက.... သိသာနေလို့လား "

နှိုင်း ပါးနှစ်ဖက်အား အုပ်လိုက်ကာ ပြုံးနေသည်အား ရပ်မရအောင်ပင် ပျော်မြူးနေသည်။

"သိသာတာပေါ့ အရမ်းသိသာတယ် "

နှိုင်းသည် မငြင်းသလို ဝန်လည်းမခံပေ။

"နှိုင်း သူတို့ထဲက ဘယ်သူ့ကိုကြိုက်တာလဲ? "

"မကြိုက်ပါဘူး "

နှိုင်းပြင်ဆင်ထားခြင်းမရှိသောကြောင့် ထိုမေးခွန်းအား မဖြေချင်ပါ။ သူမ အဆင်သင့်ဖြစ်သည့်အချိန်မှသာ ကဗျာ့အား တိုက်ရိုက်ပြောပြချင်သည်။ ကဗျာ့ထက်အရင် ဘယ်သူ့မှ မသိစေလိုပါ။ ကဗျာသည်သာ သူမ၏ မေတ္တာများအား ပထမဆုံးသိစေရမည်။ ထို့ကြောင့် သူမအားမြသွေးမေးလာသော မေးခွန်းအား မဖြေခဲ့ပါ။

"မြသွေးကို မညာနဲ့နော် အဲ့လောက်သိသာနေတာကို "

"မဟုတ်ပါဘူး မြသွေးရဲ့ နှိုင်းပျော်တာက ကဗျာတို့နဲ့ ရင်းနှီးခွင့်ရလို့ပါ "

ပြိုကျလျက်ရှိသော မိုးရိပ်Where stories live. Discover now