"နှိုင်း ရောက်နေတာကြာပြီလား"
မြသွေးသည် သူမထက်အရင် ကြိုရောက်နှင့်နေသည့် နှိုင်းအား စကားဆိုလိုက်သည်။ သို့သော် နှိုင်းသူ သူမရောက်နေသည်အားမသိ။ သူမပြောလိုက်သည့်စကားအားလည်း ကြားပုံမပေါ် ။ နှိုင်း၏ မျက်ဝန်းနှင့် အာရုံအလုံးစုံသည် မလှမ်းမကမ်းနေရာမှ အမျိုးသမီးနှစ်ယောက်ထံတွင်သာ။
"နှိုင်း နှိုင်း"
သူမအသံအား မြင့်လိုက်ပြီး နှိုင်း၏ လက်အား ထိပုတ်လိုက်သည်။
"အော် မြသွေးရောက်လာပြီလား"
"အင်း နှိုင်းရော ရောက်တာကြာပြီလား"
"မကြာသေးပါဘူး"
"လာသွားကြမယ်"
နှိုင်းသည်ပြန်မဖြေရသေးခင်တွင် မြသွေးသည် သူမလက်အားဆွဲကာ ထွက်သွားခဲ့ပြီ။ မြသွေး၏ ဦးတည်ရာသည် အမျိုးသမီးနှစ်ယောက်တည်ရှိရာ ဆိုင်သို့ပင်။
"အို လှလိုက်တာ ကဗျာလေး"
"မြသွေးတို့ပါလား နှိုင်းရောပါတာဘဲ"
ကဗျာ၏ စကားကြောင့် ပန်းချီနှင့်အတူ ဝန်ထမ်းများလည်း သူမတို့နှစ်ဦးအား လှည့်ကြည့်လာသည်။
"မြသွေး ဘယ်လိုရောက်လာတာလဲ"
"LAC ပွဲအတွက်လေ နှိုင်းကို ဝတ်စုံလာရွေးပေးတာ မလိုက်ဘူးဘဲ ငြင်းနေလို့မနည်းဆွဲခေါ်လာရတယ် ကဗျာတို့ရော ဝတ်စုံလာရွေးတာဘဲလား"
"ဟုတ်တယ် ပန်းချီ ကဗျာ့အတွက်မှာထားပေးတဲ့ ဝတ်စုံလာယူရင်းနဲ့ ပန်းချီအတွက် ဝတ်စုံပါရွေးနေတာ"
"ဒါဆိုအတော်ဘဲ နှိုင်းအတွက်ပါ ကူပြီးရွေးပေးပါဦး မြသွေးကို"
"မလိုပါဘူး မြသွေးရယ် နှိုင်းအဆင်ပြေတာဘဲ ဝတ်မှာပေါ့"
"မရပါဘူး နှိုင်းက အဓိက လူလေ မြသွေးရွေးပေးတာဝတ်ရမယ်"
"ဟုတ်တယ် မြသွေးစကားနားထောင်လိုက်ပါ ကဗျာတို့လည်း ကူရွေးပေးမယ်လေ"
နှိုင်းငြင်းရန်ပြင်လိုက်သော်လည်း ကဗျာကပါပြောလာသည်မို့ လက်ခံလိုက်ရသည်။
YOU ARE READING
ပြိုကျလျက်ရှိသော မိုးရိပ်
Short Storyလောကဓံရေ အရာအားလုံးကို ယူသွားပါ ဒါပေမဲ့ ကဗျာ့ကိုတော့ ပိုင်ဆိုင်ခွင့်ပေး (နှိုင်းယှဉ်ဝင့်လွှာ) ကဗျာ့အတွက် ပျော်ရွှင်ခြင်းဆိုတာ ပန်းချီလေ (ကဗျာခြွေ) ကမ္ဘာမှာ ပျောက်ပျက်မသွားတဲ့အရာက ဘာလဲဆိုရင် ကဗျာ့အပေါ်ထားတဲ့ ချစ်ခြင်းဘဲပေါ့ (မြတ်ပန်းချီခြယ်)