နှိုင်းသည် နေ့စဥ် အလုပ်အား အာရုံစိုက်ကြိုးစားသည့်အပြင် သူမပြုလုပ်သည့်အရာ နောက်တစ်ခုရှိသေးသည်။ အလုပ်ပြီးသည့်အခါ မိဘမဲ့ဂေယာသို့သွားကာ လုပ်အားငွေအားဖြင့် ကူညီထောက်ပံ့ပေးသည်။ သူမကြီးပြင်းလာရသလို ကလေးငယ်များအား စိတ်ဒဏ်ရာနှင့် ကြီးပြင်းလာမည်ကိုမလိုလားပေ။ သူမ မပျော်ရွှင်ခဲ့ရသော ကလေးဘဝအမှတ်တရများကြောင့် မိဘမဲ့ဂေယာမှ ကလေးများအား ပျော်ရွှင်စေချင်သည်။
ရည်ရွယ်ချက်ကြီးမားကာ အောင်မြင်ချင်စိတ်ဖြစ်စေရန် သူမကြိုးစားသမျှအား ပြောပြတတ်သည်။ သူမတတ်နိုင်သလောက်ကူညီပေးသည်။ ထို့ကြောင့် ဂေယာမှကလေးများသည် နှိုင်းအား ချစ်ကြသည်။ လုပ်ငန်းခွင်နှင့် နေ့စဥ်ဘဝတွင် အပြုံးအရယ်မရှိ မျက်နှာသေဖြင့်နေထိုင်လေ့ရှိသော်လည်း ဂေယာတွင်တော့ သူမသာမန်လူတစ်ယောက်လို ပြုံးရယ်သည်။ ကလေးများနှင့်အတူ ပေါ့ပါးစွာ နေထိုင်သည်။ ဖြူစင်လှသည့် ကလေးများအကြားတွင်နေထိုင်ရသည်မှာ သူမအားပြန်ငယ်သွားစေသလိုပင်။
သူမမပျော်ရွှင်ခဲ့ရသော်လည်း ကလေးများအား ပျော်ရွှင်စေချင်သည်။ သူမဘဝ ခက်ခဲကြမ်းတမ်းခဲ့ပေမဲ့ ကလေးများဘဝ အဆင်ပြေချောမွေ့စေချင်သည်။မိဘမရှိသည့်နာကျင်မှု အနိမ်ခံရမှုများအား သူမကောင်းစွာ ခံစားခဲ့ဖူးပြီးပြီ။ ကလေးငယ်များကိုတော့သူမလိုမခံစားစေချင်ပေ။ သူမ ငယ်စဥ်ဘဝ နာကျင်မှုများအား ကလေးငယ်များမခံစားစေလိုပါ။
ကလေးငယ်များသည် ဖြူစင်သည် သူမအား အစ်မအရင်းတစ်ယောက်သဖွယ် ချစ်ခင်ကြသည်။ ဂေယာတွင်သူမကိုယ်သူမ လွတ်လပ်သည်ဟု ခံစားရသည်။ သူမကိုယ်သူမ စစ်မှန်သည်ဟု ခံစားရသည်။ ကလေးတွေနှင့်အတူ ငယ်ဘဝအားပြန်ရောက်နေရသလိုပင် ကြည်နူးဖွယ်အတိဖြင့်။
နှိုင်းသည် သူမ၏ ရည်မှန်းချက်ဖြစ်မြောက်အောင် ကြိုးစားရင်း အေးအေးချမ်းချမ်းနှင့်သာ ရှင်သန်နေသည်။ ပတ်ဝန်းကျင်သည် သူမအား မည်သို့ မြင်သည်အား ဂရုမစိုက်သလို သူမအားမည်သို့ပြောဆိုနေသည်အားလည်းစိတ်မဝင်စားပေ။ အပုပ်ချပြောဆိုနေသည်ဖြစ်စေ ချီးကျူးနေသည်ဖြစ်စေ လျစ်လျူရှုထားသည်။ သူမမှန်သည်ဟု ထင်သည့်အရာအား ရဲရဲဝံ့ဝံ့လုပ်ကိုင်သည်။

VOCÊ ESTÁ LENDO
ပြိုကျလျက်ရှိသော မိုးရိပ်
Romanceလောကဓံရေ အရာအားလုံးကို ယူသွားပါ ဒါပေမဲ့ ကဗျာ့ကိုတော့ ပိုင်ဆိုင်ခွင့်ပေး (နှိုင်းယှဉ်ဝင့်လွှာ) ကဗျာ့အတွက် ပျော်ရွှင်ခြင်းဆိုတာ ပန်းချီလေ (ကဗျာခြွေ) ကမ္ဘာမှာ ပျောက်ပျက်မသွားတဲ့အရာက ဘာလဲဆိုရင် ကဗျာ့အပေါ်ထားတဲ့ ချစ်ခြင်းဘဲပေါ့ (မြတ်ပန်းချီခြယ်)