Part (20) Unicode

36 5 2
                                    

LAC ၏ နှစ်ပတ်လည်ပွဲတွင် နှိုင်းကိုယ်တိုင် မိန့်ခွန်းပြောရမည်ဟု မြသွေးမှ တထစ်ချပြောနေသည်။ သတ္တိသည်လည်း သူမအား မိန့်ခွန်း ပြောစေချင်ပုံပေါ်သည်။ ဥက္ကဌ တစ်ယောက်အနေဖြင့် LAC ၏ ပွဲတွင် အဓိက နေရာတွင် ပါဝင်ရတော့မည်။

နှိုင်းသည် လူအများအလည်တွင် ရပ်နေရခြင်းအား မနှစ်သက်လှ။ အလုပ်ကိစ္စနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင်တော့ နှိုင်းသည် သွက်လက်လှသည်။ သို့သော် ယခုကဲ့သို့ ပျော်ပွဲများ ၊ တခြားသော ဂုဏ်ပြုပွဲများအား တက်ရောက်ရခြင်းအား မကြိုက်ချေ။

သူမကိုယ် သူမ ယုံကြည်မှုမရှိခြင်းမဟုတ်သော်လည်း သူမအား လူသိများရခြင်းအား မနှစ်သက်ခြင်းပင်။ နှိုင်း၏ ထက်မြက်လှသည့် ပုံစံကြောင့် ပုရိသအပေါင်းအား ဆွဲဆောင်နိုင်သည်။ ထို့အပြင် အောင်မြင်နေသော အမျိုးသမီးတစ်ယောက်အဖို့ သူမအားစောင့်ကြည့်နေသည့် မျက်လုံးပေါင်း များစွာရှိနေသည်။ ထိုကဲ့သို့စောင့်ကြည့်ခံခြင်းအား သူမ မနစ်မြို့။ သူမသည် လွတ်လပ်ပေါ့ပါးစွာ နေလိုသူတစ်ဦးပင်။

နှိုင်း၏ မလှပခဲ့သော အတိတ်ကာလ ငယ်ဘဝအား ပြန်လည်တူးဖော်လာမည်ကိုလည်း ကြောက်မိသည်။ ဒဏ်ရာများအား မေ့ပျောက်ထားသူတစ်ယောက်အဖို့ ထိုဒဏ်ရာများအား ထပ်မံ တူးဆွခံရမည်အား လူတိုင်းလိုလိုပင် ကြောက်ရွံ့ရသည်မှာ မလွဲ။

သူမ၏ သနားစရာကောင်းခဲ့သော အတိတ်ကြောင့် သူမအား သနား ကြမည်အား မလိုလား။

နှိုင်းအား ကြည့်လာသည့် သနားစရာကောင်းသည့် မျက်ဝန်းများအား သူမမုန်းသည်။ နှိုင်းသည် သနားစရာလူတစ်ယောက်မဟုတ်။ နှိုင်းသည် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်သည့် သန်မာသည့် အမျိုးသမီးတစ်ဦးသာ ဖြစ်လိုသည်။ နှိုင်း၏ သနားစရာငယ်ဘဝကြောင့် နှိုင်းအား ရာထူးအာဏာပေးသည့် အဖြစ်မျိုးများလည်း အဖြစ်မခံနိုင်။ သူမ၏ ကြိုးစားမှုကြောင့်သာ ရရှိလာသော ရာထူးအာဏာကိုသာ လိုလားသည်။

နှိုင်းသည် မိဘများအပေါ်နာကျည်းခြင်း မုန်းတီးခြင်းများမရှိသလို ချစ်ခင်ခြင်းလည်းမရှိ။

ပြိုကျလျက်ရှိသော မိုးရိပ်Where stories live. Discover now