Part (4) Unicode

867 52 0
                                    

နှိုင်း၏ ကြိုးစားမှုနှင့် တိုးတက်လာမှုအား စောင့်ကြည့်နေသည့် လူတစ်ဦးရှိနေသည်။ ကဗျာတို့နှင့်တန်းတူ အောင်မြင်နေသောစီးပွားရေး ပညာရှင် တစ်ဦးဖြစ်သူ သွေးသတ္တိသည် နှိုင်း၏ ကြိုးစားမှုနှင့် လုပ်ရည်ကိုင်ရည်အားသဘောကျနေခဲ့သည်။ ထို့ကြောင့် နှိုင်းအား နောက်ကွယ်မှတိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

နှိုင်းအလုပ်လုပ်နေသည့် ကုမ္ပဏီသည် သွေးသတ္တိ ရှယ်ယာဝင်ထားသော ကုမ္ပဏီတစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် နှိုင်း၏ လုပ်ဆောင်မှုများအား အသေးစိတ်စောင့်ကြည့်နေသည်။ နှိုင်းသည် မကြာမီအချိန်မှာပင် ရာထူးတိုးခဲ့သည်။ သူမ၏ စွမ်းဆောင်ရည်နှင့် သွက်လက်ထက်မြက်မှုအား စီးပွားရေးရှင် တစ်ချို့ သဘောကျကြသည်။

နှိုင်းသည် အလုပ်အား ဦးစားပေးကာ တခြားလူမှုဆက်ဆံရေးများအား လျစ်လျူရှုထားသည်။ လစဥ်လတိုင်းအဒေါ့်အား ထောက်ပံ့ကြေးငွေ မပြတ်ပို့ပေးနေသေးသည်။ နှိုင်းသည် တဖြည်းဖြည်း ပတ်ဝန်းကျင် အမြင်အား ဂရုမစိုက်တတ်သော လူတစ်ဦးဖြစ်လာခဲ့သည်။ ပတ်ဝန်းကျင်တွင် သူမများမည်သို့ပင် ပုတ်ခတ်နေပါစေ သူမတော့စိတ်မဝင်စားပေ။

"သူကလေ လပိုင်းအတွင်းရာထူးတိုးသွားတာသိလား"

"အေး သူ့နောက်ကွယ်မှာ ဘယ်လိုဆပွန်စာတွေရှိနေလည်းမှမသိတာ"

"အသက်ငယ်ငယ်လေးနဲ့ လွယ်လွယ် ရာထူးတိုးဖို့အတွက် သူ့မှာနောက်ခံမှမရှိတာ"

"ဘယ်ကဘယ်လို တောကြိုအုံကြားကတက်လာတဲ့သူမှန်းမသိဘူး"

"ငါသိရသလောက် ပညာအရည်အချင်းလည်းမရှိဘူးတဲ့ ဆယ်တန်းတောင်မအောင်ဘူးထင်တယ်"

"ဒါနဲ့များ သူ့ကိုဘာလို့အလုပ်ခန့်ထားသေးလဲမသိဘူး"

"ဟဲ့ ဘာကြောင့်ဖြစ်ရမှာလဲ နောက်ကွယ်မှာ ဘယ်အကောင်ကြီးကြီးကို ကိုင်ထားလဲမှမသိတာ"

"အေးဟယ် ရုပ်လေးဗန်းပြပြီးတော့ လုပ်စားနေတာ"

"ရုပ်ကိုကြည့်ပါလား တလောကလုံးသူ့လုပ်စာစားနေရတဲ့ရုပ်နဲ့"

"အသက်လေးငယ်ငယ်နဲ့ ကြိုးစားမယ်မရှိဘူး"

လပိုင်းအတွင်း ရာထူးတိုးခဲ့သည့် နှိုင်းအား အမြင်ကတ်နေသည့် သူများရှိနေသည်မှာ မထူးဆန်းပေ။ ကိုယ့်ထက်သာလျှင်မနာလိုတတ်သည့် လူ့စိတ်အရ နှိုင်းအားမကောင်းပြောကြသည်။ သို့သော် နှိုင်းသည် သူမ၏ အလုပ်မှလွဲ၍ တခြားအရာအား ဂရုမစိုက်ပေ။ သူမ၏ ပုံစံသည် နူးညံ့ခြင်းများတဖြည်းဖြည်းပျောက်ဆုံးခဲ့သည်။ သူမမှန်သည်ထင်သည့်အရာကို လုပ်တတ်သည်။ သူမမှားနေလျှင်လည်း အ​ပြစ်ပေးခံရန် ဝန်မလေးပေ။ အပြစ်လုပ်ထားလျှင်လည်း သူများ အပေါ်သို့မပုံချဘဲ မဆိုင်းမတွ ဝန်ခံတတ်သည်။

ပြိုကျလျက်ရှိသော မိုးရိပ်Where stories live. Discover now