"ပန်းချီ "
ကဗျာ ကောင်းကင်ယံသို့ငေးလျက် လေးလံစွာခေါ်လိုက်သည်။
"ရှင် "
"ကဗျာမနေ့ကလုပ်တာ မှားသွားလားဟင် "
"ဘာလို့လဲ ကဗျာရဲ့ "
"ကဗျာ အများကြီး မစဥ်းစားမိခဲ့ဘူး ပန်းချီကို တန်ဖိုးမထားသလိုဖြစ်သွားတယ် "
"မဖြစ်ပါဘူး ကဗျာ က ပန်းချီ့ကိုတန်ဖိုးထားနေတာဘဲမဟုတ်ဘူးလား "
"လူနဲနဲလေးရှေ့မှာဘဲ လက်ထပ်ခွင့်တောင်းခဲ့တာ ကဗျာ မှားသွားလားဟင် "
"မမှားပါဘူး ကဗျာရယ် ပန်းချီက လူအများကြီး ရှိတာကိုသဘောမကျတာ ကဗျာသိရဲ့သားနဲ့ "
"ကဗျာကြောက်တယ် ပန်းချီ့ကိုအလေးမထားသလိုဖြစ်မှာကို "
"မကြောက်ပါနဲ့ အလေးမထားသလိုမဖြစ်ပါဘူး ပြီးတော့ ပန်းချီလည်းသဘောကျတယ် "
"တကယ်သဘောကျတာလား ပန်းချီ "
"တကယ်သဘောကျတာပေါ့ ကဗျာရဲ့ "
"ပန်းချီသဘောကျတယ်ဆိုရင်တော်သေးတယ် "
"တကယ်တော့လေ အဲ့တာတွေက အရေးမကြီးပါဘူး အရေးကြီးတာက ပန်းချီ့အနားကနေ ကဗျာမထွက်သွားဖို့ဘဲ "
"ကဗျာ ဘယ်တော့မှ ပန်းချီ့အနားကနေ ထွက်သွားမှာမဟုတ်ဘူး "
"ပန်းချီယုံတယ် ကဗျာ "
"အခုချိန်ထိ အတူရှိနေတယ် ရှေ့ဆက်လဲ အတူရှိကြမယ် ပန်းချီ "
"အမြဲတမ်းအတူတူရှိကြမယ် သေချင်းတရားက ပန်းချီတို့ကိုမခွဲခင်အထိ အတူရှိမယ် "
"သေခြင်းတရားကခွဲခဲ့ရင်တောင် ကဗျာက အနောက်ကလိုက်ခဲ့မှာ တမလွန်မှာ ပန်းချီတစ်ယောက်ထဲ ပျင်းနေမှာ စိုးလို့ ဒါမှမဟုတ်ရင် ကဗျာအရင်သွားခဲ့မှာ "
"ကဗျာနော် "
တစ်နေ့လုံး ငေးငိုင်နေသည့် ကဗျာသည် အခုမှပင် ပြုံးရယ်တော့သည်။
"ကဗျာ အမြဲတမ်းပြုံးနေပါ ကဗျာ ငိုင်နေတဲ့အခါ ပန်းချီဘာလုပ်ရမလဲမသိတော့ဘူး "
"ပန်းချီ့သဘောအတိုင်းကဗျာပြုံးနေပါ့မယ် "
"ကဗျာ ချစ်တယ်နော် "

YOU ARE READING
ပြိုကျလျက်ရှိသော မိုးရိပ်
Romanceလောကဓံရေ အရာအားလုံးကို ယူသွားပါ ဒါပေမဲ့ ကဗျာ့ကိုတော့ ပိုင်ဆိုင်ခွင့်ပေး (နှိုင်းယှဉ်ဝင့်လွှာ) ကဗျာ့အတွက် ပျော်ရွှင်ခြင်းဆိုတာ ပန်းချီလေ (ကဗျာခြွေ) ကမ္ဘာမှာ ပျောက်ပျက်မသွားတဲ့အရာက ဘာလဲဆိုရင် ကဗျာ့အပေါ်ထားတဲ့ ချစ်ခြင်းဘဲပေါ့ (မြတ်ပန်းချီခြယ်)