စေ့စပ်လက်ထပ်ခွင့်တောင်းခြင်းသည် လူအနဲငယ်အရှေ့တွင်သာ ပြုလုပ်သည်ဖြစ်၍ မွေးနေ့ပွဲသို့လာရောက်သူများမှ လွဲ၍ မည်သူမှမသိကြပေ။ တရားဝင်ကြော်ညာခြင်းမရှိသေးသဖြင့် လူအနဲငယ်သာသိကြသည်။
နှိုင်းသည် အရွယ်ရောက်လာသည်နှင့်အမျှ လှသွေးကြွယ်လာသည်။ စီးပွားရေးအမြင်ရှိမှုနှင့် ထက်မြက်မှုများကြောင့် ပုရိသတို့၏ စိတ်ဝင်စားခြင်းခံနေရသည်။ သို့သော်နှိုင်းသည် သူမအနားကပ်လာသည့် ပုရိသအပေါင်းအား စိတ်မဝင်စားပေ။ နာမည်၊ အလုပ်အကိုင်နှင့် ကိုယ်ရေးအကြောင်းအရာ တစ်ခုမှ မသိခဲ့ရသော ခနတာလေးသာ တွေ့မြင်ခွင့်ရရှိဖူးသည့် ထိုမိန်းမပျိုလေးအားသာ သဘောကျနေခဲ့သည်။
သွေးသတ္တိသည် နှိုင်းနှင့်ရင်နှီးမှုရချင်သည်။ ထက်မြက်ပြီး လှပသည့်နှိုင်းအပေါ် ညီမလေးတစ်ယောက်ကဲ့သို့ ချစ်ခင်မိသည်။ နှိုင်းသည် စီးပွားရေးတွင် အောင်မြင်မည့်အလားအလာရှိနေသည်အား သွေးသတ္တိကြိုမြင်နေသည်။ ထို့ကြောင့် နှိုင်းနှင့်ရင်းနှီးမှုရစေရန် အကွက်ဆင်ရတော့သည်။ ရင်းနှီးမှုရရန် ဒဲ့ကြီးပြောဆိုလိုက်ပါက အငြင်းခံရမည်ကို သွေးသတ္တိ သိ၏။
သူတစ်ပါးအား ကူညီတတ်သည့် နှိုင်းအကျင့်အား သိရှိထားပြီဖြစ်သည့် သွေးသတ္တိသည် ညီမဝမ်းကွဲဖြစ်သူ မြသွေးခက် အား အကူညီတောင်းကာ နှိုင်း၏ အရှေ့တွင် ဒုက္ခရောက်နေသည့်ပုံစံ ဟန်ဆောင်ခိုင်းသည်။ နှိုင်းသည် မှန်တယ်ထင်ရာကိုလုပ်တတ်သည်။ တခြားသူ၏ အမြင်အား ဂရုမစိုက်ပေ။ ထို့ကြောင့် သွေးသတ္တိ၏ ညီမအားကူညီလိမ့်မည်ကို ခန့်မှန်းမိနေသည်။
ရုံးသို့စောစောလာတတ်သည့် နှိုင်းသည် ယနေ့တော့ ထူးဆန်းစွာ နောက်ကျနေလေသည်။ အကြောင်းရင်းမှာ နှိုင်းရုံးသွားသည့်လမ်းတွင် ကျန်းမာရေးမကောင်းသည့် မိန်းကလေးတစ်ဦးအားတွေ့ခဲ့သည်။ အခြေနေအရ ဆေးခန်းပြရမည်ဖြစ်၍ ထိုမိန်းကလေးအား ဆေးခန်းသို့ လိုက်ပို့ခဲ့သည့်အပြင် အစစအရာရာဂရုစိုက်ပေးခဲ့သည်။ ထို့နောက် မိန်းကလေးသက်သာလာမှသာ နေထိုင်ရာအိမ်သို့ကားငှားပေးလိုက်ပြီး သူမရုံးသို့လာခဲ့လိုက်သည်။

ESTÁS LEYENDO
ပြိုကျလျက်ရှိသော မိုးရိပ်
Romanceလောကဓံရေ အရာအားလုံးကို ယူသွားပါ ဒါပေမဲ့ ကဗျာ့ကိုတော့ ပိုင်ဆိုင်ခွင့်ပေး (နှိုင်းယှဉ်ဝင့်လွှာ) ကဗျာ့အတွက် ပျော်ရွှင်ခြင်းဆိုတာ ပန်းချီလေ (ကဗျာခြွေ) ကမ္ဘာမှာ ပျောက်ပျက်မသွားတဲ့အရာက ဘာလဲဆိုရင် ကဗျာ့အပေါ်ထားတဲ့ ချစ်ခြင်းဘဲပေါ့ (မြတ်ပန်းချီခြယ်)