Part (22) Unicode

47 4 1
                                    

မြသွေးတို့ထွက်ခွါသွားပြီးနောက် ပွဲအတွင်းသို့ လှည့်ပတ်လျှောက်ကာ အသိမိတ်ဆွေ စီးပွါးဖက်များဖြင့် စကားစမြည်ပြောနေခဲ့သည်။ ထို့နောက် သူမရုံးမှ ဝန်ထမ်းများ စုကာ စကားပြောနေသည့်နေရာသို့ရောက်လာသည်။

"ဘာတွေစကားကောင်းနေကြတာလဲ"

"အမနှိုင်း"

အုပ်စုလိုက်စကားပြောနေကြသူမျာရသည် နှိုင်း၏ အသံကြောင့် သူမအား ထိပ်ထိပ်ပြာပြာဖြင့်လှည့်ကြည့်လာသည်။

"အေးအေးဆေးဆေးနေပါ ဒါကအလုပ်ထဲမှာ မဟုတ်ဘူး လွတ်လွတ်လပ်လပ်နေကြနော်ရတယ်"

"ဟုတ်အမနှိုင်း"

"အမသွားလိုက်ဦးမယ်နော်"

သူမကြောင့် ဝန်ထမ်းများအနေခက်မည်စိုး၍ ထိုနေရာမှ ထွက်ခွါလာသည်။

နှိုင်းသည် ပွဲတစ်ဝိုက် လှည့်ပတ်သွားနေမိသော်လည်း သူမ၏ မြတ်နိုးရသူလေးအား မတွေ့ရသေးပေ။ ထို့ကြောင့်ပင် ဝေ့ဝဲကာ လိုက်ရှာမိသည်။ ထိုအခါ သူမ၏ မြင်ကွင်းသို့ ဝင်ရောက်လာသည်မှာ ပန်းချီတစ်ယောက်တည်းပင်။ ပန်းချီ၏ အနီးနားတွင် ကဗျာအား မတွေ့ရှိရ။

သေချာသည်မှာ ကဗျာနှင့် ပန်းချီသည် အတူရှိမနေ။ဤအချိန်သည်နှိုင်းအတွက် အချိန်ကောင်းဖြစ်သည်။ သူမအတွက် ကဗျာနှင့်တွေ့ဆုံရန် အကောင်းဆုံးအချိန်ပင်တည်း။ ထို့ကြောင့် ကဗျာအားတွေ့အောင်လိုက်ရှာနေမိသည်။

ပန်းချီသည် သူမ၏ အသိတချို့နှင့်စကားပြောနေစဉ်တွင် ကဗျာသည် တစ်ယောက်တည်း ပျင်းလာသည်ဟုခံစားရသည်။ ထို့ကြောင့် စားသောက်ဝိုင်းများရှိရာသို့လျှောက်လာကာ အဆင်သင့်ချထားသောဝိုင်ခွက်များထဲမှ ဝိုင်ခွက်တစ်ခွက်အား ယူလိုက်သည်။ မုန့်ပန်းကန်ထဲမှ စားချင်စဖွယ်ရှိသော မုန့်များအား ကြည့်မိလိုက်သည်။

ပုံစံမျိုးစုံဖြင့် မစားရက်နိုင်စွာ လှပနေသော မုန့်များသည် ကဗျာ့အား ညို့ယူနေသည်။ ထို့ကြောင့် မုန့်များအား လှမ်းယူရန် လက်ကမ်းလိုက်သည်။ သို့သော် သူမလက်ထဲတွင် ရှိနေသော ဝိုင်ခွက်ကြောင့် မုန့်ယူရန်အဆင်မပြေဖြစ်နေသည်။ ကိုယ်တိုင်လိုအပ်သလောက်ယူစားရသော စားပွဲဖြစ်နေ၍ ကဗျာ့အားကူညီပေးမည့်သူမရှိ။ ပန်းချီသည်လည်း အဝေးတွင်ရှိနေ၍ သူမအား မကူညီနိုင်။

ပြိုကျလျက်ရှိသော မိုးရိပ်Donde viven las historias. Descúbrelo ahora