မြသွေး၏ အတင်းဖိတ်ခေါ်မှုကြောင့် သတ္တိ၏ မွေးနေပွဲသို့နှိုင်းတက်ရောက်ခဲ့ရသည်။ လူစည်ကားသော ပွဲများအားနှိုင်းမနှစ်သက်ပါ။ တွေ့သမျှ လူတိုင်းအား စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေ ပြုံးပြနေရမည်ကို နှိုင်းမကြိုက်ပေ။ နှိုင်းသည် မျက်နှာတည်ဖြင့်သာ နေတတ်သူဖြစ်၍ အပြုံးအရယ်နည်းသည်။ နှိုင်းလူနည်းသည့် ထောင့်တစ်နေရာတွင်သာ နေရာယူကာ သီးသန့်ရပ်နေခဲ့သည်။
ပွဲအားစိတ်မပါသည့်နှိုင်းသည် သူမဘေးနားတွင် မည်သူရှိနေသည်ကို ဂရုမစိုက်နိုင်ပေ။ သူမ၏ မျှော်လင့်ချက်ငယ်လေး အနားသို့ရောက်နေသည်ကိုပင် ဂရုမစိုက်မိဖြစ်နေသည်။
ကဗျာ ဧည့်သည်များဖြင့်စကားပြောနေသော ပန်းချီအားစောင့်ရန် လူကျဲသောနေရာသို့လျှောက်လာခဲ့သည်။ ထိုစဥ် မြင်တွေ့ဖူးသော ပုံရိပ်တစ်ခုအားတွေ့မိ၍ အနားသို့ လျှောက်လာခဲ့သည်။ ထိုသူသည် ကဗျာ့အားမြင်ဟန်မတူပေ။
"နှိုင်း မဟုတ်လား"
နှိုင်းသူမ နာမည်ခေါ်သံကြား၍ လှည့်ကြည့်လိုက်သည်။ တွေ့မြင်လိုက်ရသူကြောင့် နှိုင်းပျော်လွန်း၍ အသက်ရှူသံပင်မမှန်ချင်တော့ပေ။
"ကဗျာ "
"နှိုင်းက ကဗျာ့ကိုမှတ်မိတယ်ပေါ့ ကဗျာက မမှတ်မိလောက်ဘူးထင်နေတာ"
"ကဗျာလို စီးပွားရေးလောကရဲ့နာမည်ကြီးတစ်ယောက်ကို မသိတဲ့သူတောင် ရှိပါ့မလား ဒါ့အပြင်နှိုင်းကိုတောင် မှတ်မိနေတာ နှိုင်းကလည်းသေချာပေါက် ကဗျာကို မှတ်မိနေရမှာပေါ့"
နှိုင်းစိတ်ထဲတွင် အပျော်လွန်နေသည်။ သူမတိတ်တခိုးမြတ်နိုးရသောပန်းလေးသည် သူမအားမှတ်မိနေသည့်အပြင် စကားလာပြောနေသေးသည်။
"နှိုင်းကတော့ မြောက်နေပြန်ပါပြီ"
"နှိုင်းက အမှန်အတိုင်း ပြောတာပါ ဒါနဲ့ ကဗျာတစ်ယောက်တည်းလား"
"မဟုတ်ဘူး ပန်းချီလည်းပါတယ် ဟိုဘက်မှာ ဧည့်သည်တွေနဲ့စကားပြောနေတာ "
ကဗျာသည်ပန်းချီရှိရာသို့ မျက်လုံးဖြင့်လှမ်းကြည့်ရင်း နှစ်ခြိုက်စွာပြုံးလိုက်မိသည်။
YOU ARE READING
ပြိုကျလျက်ရှိသော မိုးရိပ်
Short Storyလောကဓံရေ အရာအားလုံးကို ယူသွားပါ ဒါပေမဲ့ ကဗျာ့ကိုတော့ ပိုင်ဆိုင်ခွင့်ပေး (နှိုင်းယှဉ်ဝင့်လွှာ) ကဗျာ့အတွက် ပျော်ရွှင်ခြင်းဆိုတာ ပန်းချီလေ (ကဗျာခြွေ) ကမ္ဘာမှာ ပျောက်ပျက်မသွားတဲ့အရာက ဘာလဲဆိုရင် ကဗျာ့အပေါ်ထားတဲ့ ချစ်ခြင်းဘဲပေါ့ (မြတ်ပန်းချီခြယ်)