"နှိုင်း မွေးနေ့ကို ဘယ်လိုလုပ်မယ်လို့စိတ်ကူးထားလဲ"
"အရင်နှစ်တွေလိုဘဲ မိဘမဲ့ကျောင်းက ကလေးတွေကိုဘဲသွားလှူမယ် ပြီးရင် မြသွေးနဲ့ အစ်ကိုသတ္တိကို နှိုင်းက မုန့်လိုက်ကျွေးမယ် အဲ့ဒါဘဲ ခမ်းခမ်းနားနားကြီးတွေမလုပ်ချင်ဘူး "
"မုန့်ကျွေးမယ်ဆိုတော့ မြသွေးကလည်း နှိုင်းအတွက် မွေးနေ့လက်ဆောင်ပေးရမှာပေါ့"
"မလိုပါဘူး မြသွေးရယ် မြသွေးနဲ့အစ်ကိုသတ္တိက နှိုင်းအပေါ် ဒီလောက်ကောင်းတာ မုန့်ကျွေးတာလောက်နဲ့တောင် မလုံလောက်နိုင်ဘူး "
"ကျေးဇူးဆပ်ချင်ရင် မြသွေးအစ်ကိုကို ယူလိုက်လေ အဲ့တာဆိုကျေးဇူးဆပ်စရာမလိုတော့ဘူး"
"မြသွေးကတော့ နောက်ပြီ "
"ဟုတ်တယ်လေ နှိုင်းကအမြဲအားနာနေတော့ မိသားစုဖြစ်မှဘဲ အားမနာတော့မှာပေါ့ "
"နောက်တစ်ခါဆို နှိုင်း အားမနာတော့ပါဘူး မြသွေးရယ်"
"အဲ့လိုမှပေါ့ "
နှိုင်းနှင့် မြသွေးတို့ ပြိုင်တူရယ်မိလိုက်ကြသည်။
"မြသွေးသွားတော့မယ် နှိုင်းလည်း လုပ်စရာတွေရှိသေးတယ်မလား နှိုင်းမွေးနေ့ကျမှတွေ့မယ်နော် "
"ဟုတ်ပြီ မြသွေးဂရုစိုက်သွားနော်"
မြသွေးနှိုင်းအား နှုတ်ဆက်ကာ အိမ်သို့ ပြန်လာခဲ့သည်။
ညစာစားချိန်တွင် သွေးသတ္တိသည် တစ်ခုခုအား စဉ်းစားနေခဲ့သည်။ ထိုနောက်သူ၏အတွေးအား ညီမဖြစ်သူအားပြောပြရန်ဆုံးဖြတ်လိုက်သည်။"မြသွေး အစ်ကို နှိုင်းကိုဖွင့်ပြောသင့်လား "
"ကောင်းတာပေါ့ အစ်ကို မြသွေးလည်း နှိုင်းကို ယောက်မတော်ချင်တယ် "
"မြသွေးမှာ ရည်ရွယ်ထားတဲ့သူ မရှိဘူးမလား ညီမလေး "
"မရှိဘူးထင်တယ် မြသွေး နှိုင်းပြောတာမကြားဖူးဘူး "
"မရှိရင်တော့ တော်သေးတာပေါ့"
"နှိုင်းက အလုပ်သရဲဆိုတော့ သူ့မှာရည်းစားထားဖို့ အချိန်ရှိမှာမဟုတ်ဘူး ပြီးတော့ နှိုင်းမှာရင်းနှီးတဲ့သူဆိုလို့ မြသွေးဘဲရှိတာ "
![](https://img.wattpad.com/cover/297455322-288-k568958.jpg)
YOU ARE READING
ပြိုကျလျက်ရှိသော မိုးရိပ်
Short Storyလောကဓံရေ အရာအားလုံးကို ယူသွားပါ ဒါပေမဲ့ ကဗျာ့ကိုတော့ ပိုင်ဆိုင်ခွင့်ပေး (နှိုင်းယှဉ်ဝင့်လွှာ) ကဗျာ့အတွက် ပျော်ရွှင်ခြင်းဆိုတာ ပန်းချီလေ (ကဗျာခြွေ) ကမ္ဘာမှာ ပျောက်ပျက်မသွားတဲ့အရာက ဘာလဲဆိုရင် ကဗျာ့အပေါ်ထားတဲ့ ချစ်ခြင်းဘဲပေါ့ (မြတ်ပန်းချီခြယ်)