Part (10) {Unicode }

258 18 6
                                    

တစ်နေ့တွင် တိုက်ဆိုင်သည်ဟုပင်ဆိုရမလားမသိပေ။ နှိုင်းသွားနေကျဖြစ်သည့် မိဘမဲ့ဂေဟာလေးသို့ မြသွေးသည် သတ္တိနှင့်အတူ လာရောက်ကာ ကလေးငယ်များအား လိုအပ်သည့်ပစ္စည်းများ ကူညီထောက်ပံ့ပေးသည်။

ထိုအချိန်တွင် နှိုင်းသည် ကလေးများနှင့်အတူဆော့ကစားနေသည်အား မြသွေးမြင်လိုက်မိသည်။

"အစ်ကို ဟိုမှာ နှိုင်း မလား "

မြသွေးညွှန်ပြသောနေရာသို့ သတ္တိလှမ်းကြည့်လိုက်သည်။ ပူပင်မှုကင်းကင်းဖြင့် ကလေးများနှင့်အပြိုင် လွတ်လွတ်လပ်လပ် ဆော့ကစားနေသော နှိုင်းသည် အမှန်ပင်ချစ်စရာကောင်းနေသည်။ တည်ငြိမ်ရင့်ကျက်သည့် လုပ်ငန်းရှင်တစ်ဦး၏ ပုံစံဖြင့်သာ မြင်နေကျဖြစ်သော သတ္တိသည် နှိုင်း၏ ယခုပုံစံလေးအား သဘောကျစွာငေးကြည့်နေမိသည်။

"နှိုင်းက ဒီလိုကျတော့လည်း ကလေးတစ်ယောက်လိုဘဲနော် "

မြသွေးပြောသမျှအား စကားပြန်မလာသော အစ်ကိုဖြစ်သူအားမော့ကြည့်လိုက်ချိန် နှိုင်းအား မျက်တောင်မခတ်တမ်းငေးကြည့်နေသော အစ်ကိုဖြစ်သူအားတွေ့လိုက်ရ၍ စချင်လာသည်။

"အစ်ကို မျက်လုံးကြီးလည်းကျွတ်ကျနေပါဦးမယ် "

လက်အား ပုတ်ကာ ပြောလာသော မြသွေးကြောင့် ငေးကြည့်နေရာမှ အသိပြန်ဝင်လာခဲ့သည်။

"အမ်...မ ...မကြည့်ပါဘူး "

အယောင်ယောင်အမှားမှားဖြင့် စကားထစ်နေသော အစ်ကိုဖြစ်သူကြောင့် မြသွေးရယ်မိသည်။ နှိုင်းအား ကြည့်နေသောအကြည့်များတွင် မြတ်နိုးမှုများပါနေသည်အား သူမ မြင်လိုက်ပါသည်။ သူမ အစ်ကိုသည် နှိုင်းအား သဘောကျနေသည်။ နှိုင်းလို မိန်းကလေးအား ယောက်မတော်ရမည်ဆိုလျှင် သူမ ဆယ်ခါပြန်တောင် ကျေနပ်သေးသည်။

"ချစ်စရာကောင်းတယ်မလား "

"အရမ်းချစ်စရာကောင်းတယ်"

သတ္တိပါးစပ်အား မထိန်းချုပ်မိလိုက်ဘဲ ပြောထွက်သွားခြင်းပင်။ ပြုံးစိစိဖြင့် ကြည့်နေသော မြသွေးကြောင့် ရှက်သွားကာ ပြောမိပြောရာပြောလိုက်မိသည်။

ပြိုကျလျက်ရှိသော မိုးရိပ်Where stories live. Discover now