နှိုင်း လူမှန်းသိတတ်စအရွယ်တွင် သူမအစ်ကိုသည် အနဲငယ် ကြီးနေပြီဖြစ်သည်။ သို့သော် သူမအစ်ကိုသည် အိမ်တွင်အမြဲမရှိ။ ကျောင်းတက်နေရသည်မို့ အိမ်တွင် သူမနှင့် အမေနှစ်ဦးတည်းသာ ကျန်ခဲ့သည်။ ဖခင်သည်လည်း အလုပ်ကောင်းနေဆဲ အချိန်ဖြစ်၍ နှိုင်းတို့မိသားစုသည် စားနိုင်သောက်နိုင်ခဲ့သည်။
ဖြူဖွေးသော အသားအရေသည် မည်သူနှင့်မှ မတူဘဲ နှိုင်းတစ်ယောက်တွင်သာ ရှိသည်။ ဖခင်သည် အလုပ်ကြမ်းလုပ်ရသူတစ်ဦးဖြစ်သည့်အလျောက် အသားအရေသည် ညိုစိမ့်စိမ့်ဖြစ်သည်။ မိခင်သည်လည်း ထိုသို့ပင် အသားဖြူသည်မဟုတ်။ အစ်ကိုဖြစ်သူသည်လည်း ပြောစရာပင်မလိုချေ။ အဆော့သန်သူဖြစ်၍ အသားသည် စိုစိုပြည်ပြည်မရှိ။
နှိုင်းတစ်ယောက်သာ မွေးကတည်းကပင် အသားဖြူသည်။ ချစ်စရာကောင်းသည့် ဖြူဖြူလုံးလုံး ပါးဖောင်းဖောင်းများသည် နှိုင်းမွေးဖွားလာကတည်းက ပါလာခဲ့သော ကောင်းခြင်းတချို့ပင်။ ထိုအရာသည် နှိုင်းအတွက်တော့ ကောင်းခြင်းမဟုတ်ဘဲ ဆိုးခြင်းဖြစ်လာသည်။ သူမ၏ ချစ်စရာကောင်းခြင်းများသည် မည်သူဆီမှ အမွေရခဲ့သည်မသိခဲ့။
မိသားစုဟု မထင်ရက်နိုင်စွာ နှိုင်းသည် အသားအရေလှသည်။ ပတ်ဝန်းကျင်မှ အိမ်နီးချင်းများသည် ချစ်စရာကောင်းလှသော နှိုင်းအား ဝိုင်းကာစနောက်ကြသည်။
မိခင် ဖခင်တို့နှင့် မတူသောကြောင့် ကလေးမှားလာသည်ဟုပင် ဆိုကြသည်။ ထိုသို့သောစကားများအား မကြာခနကြားရတတ်သည်။ ထို့ကြောင့်ပင် ချစ်စရာကောင်းရခြင်းသည် နှိုင်း၏ ကံဆိုးခြင်းပင်ဖြစ်လာတော့သည်။"နှိုင်းလေးက ချစ်စရာကောင်းလိုက်တာ"
"နင်က အဖေနဲ့ရော အမေနဲ့ရော မတူဘူး နင်က ဆေးရုံမှာ ကလေးမှားလာတာလား"
"နှိုင်း နင့်မိဘအရင်းတွေကဘယ်သူလဲ"
ဤသို့သော အချက်များကြောင့်ပင် ဖခင်သည် နှိုင်းအား သိပ်မကြည်လင်ဖြစ်လာသည်။ ဖခင်ထံမှ ချစ်ခြင်းများ လိုချင်ခဲ့သော်လည်း နှိုင်းမရရှိခဲ့။ မိခင်သည် မူလအစတွင် နှိုင်းအား လွန်စွာချစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ပတ်ဝန်းကျင်၏ အတင်းများကြောင့် မိခင်သည်လည်း သူမအား စိတ်ညိုလာပု့ပေါ်သည်။
![](https://img.wattpad.com/cover/297455322-288-k568958.jpg)
أنت تقرأ
ပြိုကျလျက်ရှိသော မိုးရိပ်
القصة القصيرةလောကဓံရေ အရာအားလုံးကို ယူသွားပါ ဒါပေမဲ့ ကဗျာ့ကိုတော့ ပိုင်ဆိုင်ခွင့်ပေး (နှိုင်းယှဉ်ဝင့်လွှာ) ကဗျာ့အတွက် ပျော်ရွှင်ခြင်းဆိုတာ ပန်းချီလေ (ကဗျာခြွေ) ကမ္ဘာမှာ ပျောက်ပျက်မသွားတဲ့အရာက ဘာလဲဆိုရင် ကဗျာ့အပေါ်ထားတဲ့ ချစ်ခြင်းဘဲပေါ့ (မြတ်ပန်းချီခြယ်)