နှိုင်း အသက် ၁၈နှစ်ပြည့်ချိန်တွင် စီးပွားရေး အကြောင်းအရာတစ်ချို့အား ထိုက်သင့်သလောက် နားလည်နေပြီဖြစ်သည်။ ထို့ကြောင့် သူမ စက်ရုံမှ ထွက်ကာ တခြားအလုပ်ရှာရန်ကြိုးပမ်းနေသည်။ နှိုင်း၏အဒေါ်သည် လူကြီးသဘာဝအရ နှိုင်းအား အပြစ်တင်ပြောခြင်းရှိသော်လည်း အလုပ်တွငိသာအချိန်ကုန်များသော နှိုင်းသည် အရင်ထက် အပြစ်ပြောခံရခြင်းနည်းလာသည်။ အရွယ်ရောက်လာပြီဖြစ်၍ ရိုက်နှက်ခြင်းလည်း မရှိတော့ပေ။ ငွေကြေးအား ပြန်လည် ထောက်ပံ့ပေးထားခြင်းကြောင့်လည်း ဖြစ်လိမ့်မည်။
ကဗျာနှင့် ပန်းချီတို့ ပေါင်းစည်း၍ ဖွင့်ထားသည့် ပန်းချီပြခန်းလေးသည် လာရောက်လည်ပတ်သူ အတော်များသည်။ ထို့ကြောင့် ဝန်ဆောင်မှုပေးရန် ဝန်ထမ်းခေါ်ရန်လိုအပ်သည်။ ထို့ကြောင့် အလုပ်ခေါ်စာဖြင့် ဝန်ထမ်းများလိုက်ရှာနေသည်။ တိုက်ဆိုင်စွာပင် ဝန်ထမ်းခေါ်ဆိုသည့် အလုပ်ခေါ်စာအား နှိုင်းတွေ့သွား၍ လျှောက်လွှာတင်ခဲ့သည်။ နှိုင်းသည်ရည်မှန်းချက်ကြီးမားသူဖြစ်သည်။သူမတစ်ချိန်တွင် လုပ်ငန်းပိုင်ရှင်ဖြစ်ရမည်ဟု ရည်မှန်းချက်ထားသည်။ ဆင်းရဲရခြင်း၏ နာကျင်မှုများအား သူမအပြည့်အဝခံစားဖူးခဲ့ပြီးပြီ။ထို့ကြောင့် ကြိုးစားရန်သာ စိတ်အားထက်သန်နေသည်။
ရိုးသားဖြူစင်ပြီး သွက်လက်သည့်နှိုင်းသည် အစမ်း အလုပ်ခန့်ခြင်းခံခဲ့ရ၏။ နှိုင်းအလုပ်စဆင်းသည့် နေ့မှာပင် ကဗျာခြွေသည် ပန်းချီပြခန်းသို့ တစ်ယောက်တည်းရောက်လာခဲ့သည်။ လှပကျော့ရှင်းပြီး ယုံကြည်မှုအပြည့်ဖြင့် လျှောက်လာနေသည့် ထိုအမျိုးသမီးအား နှိုင်းငေးကြည့်နေမိသည်။ ထိုအမျိုးသမီးအား ကြည့်မိချိန်တွင် မွေးဖွားချိန်ကတည်းက အိပ်ပျော်နေသည့် သူမနှလုံးသားလေးသည် နိုးထလာခဲ့သည်။ ကဗျာ့အား မြင်မြင်ချင်းအချိန်မှာပင် ချစ်မိခဲ့သည်။ ကဗျာသည် ပန်းချီပြခန်း၏ ပိုင်ရှင်ဖြစ်သလို ဦးစီးရမည့် ကုမ္ပဏီ လုပ်ငန်းပေါင်းများစွာရှိသည်ကိုသာ နှိုင်းသိထားသည်။
ထိုအချိန်တွင် နှိုင်းစိတ်ထဲတွင် ကဗျာ့အားလိုချင်တပ်မက်စိတ်များဖြစ်ပေါ်လာသည်။ ကဗျာနှင့် တန်းတူ အဆင့်အတန်းရောက်နိုင်ရန် နေ့မနားညမနား နှိုင်းကြိုးစားခဲ့သည်။ နှိုင်း၏ ကြိုးစားမှုကြောင့် အချိန်ခနအတွင်းပင် ပန်းချီ ပြခန်း၏ မန်နေဂျာဖြစ်လာခဲ့သည်။ နှိုင်း၏ ထူးချွန်ထက်မြက်မှုနှင့် ကြိုးစားမှုအား လုပ်ငန်းရှင်တချို့ မျက်စိကျခဲ့သည်။ ထို့ကြောင့် ပန်းချီပြခန်းမှထွက်ကာ ကုမ္ပဏီတွင် အလုပ်လုပ်ရန် လစာအမြောက်အမြားဖြင့် ကမ်းလှမ်းခံခဲ့ရသည်။

YOU ARE READING
ပြိုကျလျက်ရှိသော မိုးရိပ်
Romanceလောကဓံရေ အရာအားလုံးကို ယူသွားပါ ဒါပေမဲ့ ကဗျာ့ကိုတော့ ပိုင်ဆိုင်ခွင့်ပေး (နှိုင်းယှဉ်ဝင့်လွှာ) ကဗျာ့အတွက် ပျော်ရွှင်ခြင်းဆိုတာ ပန်းချီလေ (ကဗျာခြွေ) ကမ္ဘာမှာ ပျောက်ပျက်မသွားတဲ့အရာက ဘာလဲဆိုရင် ကဗျာ့အပေါ်ထားတဲ့ ချစ်ခြင်းဘဲပေါ့ (မြတ်ပန်းချီခြယ်)