Part (8){ Unicode }

326 31 6
                                    

ယနေ့သည် ထူးဆန်းစွာပင် ယခင်ရက်များထက် ပို၍ သာယာနေသည်ဟု နှိုင်းခံစားနေရသည်။ သူမ အိပ်ယာမှ နိုးလာစဥ်တွင် စိတ်သည် ပုံမှန်ထက် ကြည်လင်နေသည်။ နေ့စဥ်လုပ်နေကြ အလုပ်များနှင့် ပုံမှန်လည်ပတ်ကာ ဘဝအားရိုးရှင်းစွာပင် ဖြတ်သန်းနေသည်။ ကံကြမ္မာသည် နှိုင်းအား တဖြည်းဖြည်း မျက်နှာသာ ပေးလာခဲ့သည်။

သာယာနေသောရာသီဥတုနှင့်အတူ နှိုင်းရုံးမှ စောစောပြန်လာခဲ့သည်။ ဖြောင့်တန်းနေသော လမ်းမကြီးတစ်လျှောက် အေးဆေးစွာ လမ်းလျှောက်ပြန်နေရင်း မထင်မှတ်ထားစွာသူမ၏ ကမ္ဘာငယ်လေးအား တွေ့လိုက်ရသည်။ သို့သော် သူမ၏ ကမ္ဘာလေးသည် တခြားသူ၏ လက်အားကိုင်ဆွဲလျက် ပျော်နေပုံပင်။ ထိုအမျိူးသမီး နှစ်ဥမြင်ရုံနဲ့တင် ဆက်ဆံရေးသည် သာမာန်မဟုတ်သည့်အား သိနိုင်သည်။ နှိုင်းစိတ်ထဲတွင်အနဲငယ်တော့ ဝမ်းနည်းနာကျင်မိသည်။ သို့သော် သူမအား မကြာခင်တွင် အပိုင်ရအောင် သိမ်းပိုက်တော့မည်။

"နှိုင်းယှဥ်ဝင့်လွှာဆိုတဲ့ ငါက ငါလိုချင်တာကို ငယ်ငယ်ကတည်းက ရအောင်ကြိုးစားယူခဲ့တာကြီးဘဲ ငါလိုချင်တာကိုမရဘူးဆိုတာမရှိစေရဘူး "

နှိုင်းစိတ်ထဲတွင် ကောက်ချက်ချကာ ထိုအမျိုးသမီးသည် သူမအပိုင်သာ ဖြစ်ရမည်။ သူမ မပိုင်ဆိုင်ရခင်တွင် မည်သူပိုင်ဆိုင်နေသည်ဖြစ်စေ သူမစိတျမဝငျစားခငွပြေ။ သို့သော် သူမလက်ထဲရောက်လာသည့်အချိန်တွင်တော့ သူမတစ်ယောက်တည်းသာ ပိုင်ဆိုင်ရမည်။

"ကောင်မလေး မင်းအခုတော့ တခြားသူရင်ခွင်မှာ ပျော်နေဦးပေါ့ မကြာခင်မှာ မင်းကငါ့အတွက် ဖြစ်လာတော့မှာ"

ပျော်ရွှင်နေသောအမြိုးသမီးနှဈယောကျအား သူမနာကျင်စွာကြည့်လိုက်ရင်း မျက်ဝန်းထက်တွင် ဝမ်းနည်းရိပ်များ စိုးမိုးနေသည်။ အနောက်မှ တိတ်တိတ်လေးသာ ငေးကြည့်နေရင်း ပိုင်ဆိုင်ရနိုင်အောင်ထိ မဖြစ်မြောက်နိုင်သေးသည်အား အားမရဖြစ်နေသည်။ သူမပိုကြိုးစားရန်လိုအပ်သေးသည်။

သူမဘယ်ချိန်အထိ ငေးကြည့်နေမိမှန်းပင်မသိပေ။ ပတ်ဝန်းကျင်အားမေ့သွားလောက်သည်အထိ ငေးကြည့်နေမိသည်။ သူမသဘောကျရသော ထိုအမျိုးသမီးသည် အတိုင်းထက်အလွန်လှပနေသည်။ ထိုအမျိုးသမီးလေး၏ အမှတ်မထင်တွေ့လိုက်ရသော အပြုံးလေးသည် နှိုငျးအား အေးချမ်းသွားစေသည်။ မျက်ဝန်းလှလှလေးအတွင်းတွင် နှိုင်းနစ်မြောသွားသည်။ သူမအား ပွုံးပွသှားခွငျးမဟုတျသောလြညြး ထိုအပြုံးကြောင့် နှိုငျးမှာ အသက်ရှုရပ်မတက်ပင် ပျော်နေမိသည်။

ပြိုကျလျက်ရှိသော မိုးရိပ်Where stories live. Discover now