Part (14) Unicode

73 5 4
                                    

10:30 Am

သူရိန်နေသည် ကောင်းကင်ထက်တွင် ဝံ့ကြွားစွာ ထွက်ပေါ်ပြီးနောက် လောကတစ်ခွင်၏ အလယ်တည့်တည့်သို့ပင် ရောက်လုနီးခဲ့ပြီ။ အိပ်ယာထက်မှ အကြင်သူသည်တော့ ညအချိန်ကဲ့သို့ပင် နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲ။ အလုံပိတ်ထားသော အခန်းထဲမှ air corn ၏ အအေးဓာတ်သည် ပြင်ပမှ နေရောင်၏ အပူရှိန်နှင့်ခြားနားနေသည်။

ပန်းချီသည် ချစ်ရသူကဗျာ နိုးလာချိန်တွင် စားနိုင်ရန် ပေါင်မုန့် နှင့် ကြက်ဉကြော် ၊ နွားနို့ များအသင့်ပြင်ထားလိုက်သည်။ ထို့နောက် အိပ်နေသူအားနှိုးရန် အိပ်ယာထဲသို့ပြန်ဝင်လာလိုက်သည်။

"ကဗျာ"

"...."

အိပ်မောကျနေသော ချစ်ရသူသည် ငြိမ်လျက်သားပင်။

"ကဗျာ အချစ်ရေ ထဖို့အချိန်တန်ပြီနော်"

တဖက်လှည့်ကာ အိပ်နေသော ကဗျာသည် ပန်းချီဘက်သို့လှည့်ကာ ဖက်လိုက်သည်။

"ခနလောက်ထပ်အိပ်ချင်သေးတယ်"

"မအိပ်နဲ့တော့ ကဗျာနော် အိပ်ပုပ်ကြီးနေတယ်"

ရင်ခွင်ထဲတိုးဝင်လျက်သားဖြင့် အိပ်နေသေးသော အကြင်သူသည် ချစ်စဖွယ်အကောင်ပေါက်လေးကဲ့သို့ပင်။

"ကဗျာ အိပ်နေတာကြာနေပြီ ညနေတောင်ရောက်တော့မယ် "

"ဟင်! "

ပန်းချီစကားကြောင့် အိပ်နေရာမှ အလန့်တကြား ထထိုင်လိုက်သော ကဗျာသည် အိပ်ချင်မပြေသေးသည့်ပုံပင်။

"တကယ်ကြီးလား"

"တကယ်ပေါ့ ညနေတောင်စောင်းနေပြီ"

ရုက်တည်ဖြင့် ကဗျာမေးသမျှ သူမဖြေနေလိုက်သည်။

"ကဗျာ့ကို ဘာလို့မနှိုးတာလဲ"

"ကိုယ်နှိုးတယ် ကဗျာက မထတာ"

"ဘာလို့အဲ့လောက်အကြာကြီး အိပ်မိသွားတာလည်း မသိဘူး ပိတ်ရက်လေး အပြင်သွားမလို့ပါဆို"

"ကိုယ်နှိုးတယ်လေ ပုံစံမျိုးစုံနဲ့ကို နှိုးတာ ကဗျာက မထဘဲဆက်အိပ်နေတာ"

"ဟင် "

နားရွက်ဖျားများ နီရဲလာသောကဗျာသည် ထိပ်လန့်သွားသည့် ပုံစံမျိုးဖြင့် ဖုန်းအားကောက်ကိုင်ကာ နာရီကြည့်လိုက်သည်။

ပြိုကျလျက်ရှိသော မိုးရိပ်Where stories live. Discover now