Part ( 13) Unicode

75 8 2
                                    

လမင်းသည် ညအမှောင်အား ဖြိုခွင်းပေးနိုင်ရန် အစွမ်းကုန် ထွန်းလင်းနေသည်။ လရောင်ထိန်ထိန်အောက် လူတစ်ယောက်သည် မျှော်လင့်ချက် ပျောက်ကာ ငေးငိုင်နေ၏။ ထိုလူမှာ အသက်ဝိဉာဉ်ကင်းမဲ့နေသည့်အတိုင်းပင်။ မည်သည့်အရာကိုမျှ စိတ်ဝင်စားခြင်းမရှိဘဲ အတွေးထဲ၌သာ နစ်မြောနေသည်။ ထိုသူ၏ လက်ကြားရှိ စီးကရက်သည်လည်း အငွေ့တလူလူဖြင့် လောင်ကျွမ်းနေ၏။

'နှိုင်းရယ် ကိုယ့်ရဲ့အချစ်‌တွေက စခွင့်တောင်မရတော့ဘဲ အဆုံးသတ်ရတော့မှာလား

ကံကြမ္မာက ကိုယ်တို့ကို မနီးစပ်စေချင်ဘူးထင်တယ် '

စိတ်မောစွာဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် လောင်ကျွမ်းနေပြီဖြစ်သော စီးကရက်အား တစ်ရှိုက် ရှိုက်လိုက်သည်။

သတ္တိတစ်ယောက် စီးကရက်မသောက်သည်မှာ ကြာပြီဖြစ်သည်။ ယခုတွင်တော့ မဖြစ်မနေ စီးကရက်သောက်ရမည့် အခြေအနေပင်။ စီးကရက်ဘူးတဝက်မျှ ကုန်ဆုံးသွားပြီဖြစ်ကာ သူ၏ ‌နဘေးတွင်လည်း စီးကရက်အငွေ့များ ပြည့်နှက်နေလေပြီ။ သို့သော် သတ္တိစိတ်ထဲမှ နာကျင်နေရခြင်းသည် အနဲငယ်မှ လျော့မသွားပေ။

"အရာရာပြည့်စုံပြီး ငယ်ငယ်ထဲက လိုချင်တာကိုရအောင် ယူတတ်ခဲ့တဲ့ ကိုယ်ဟာ မင်းဆီက အချစ်ကိုတော့ ရအောင် မယူရက်ခဲ့ဘူး နှိုင်းရယ်

ကိုယ်ဟာ စီးပွားရေးမှာ အောင်မြင်ပေမဲ့ မင်းအရှေ့မှာတော့ ကျရှုံးခဲ့ရတယ် "

ဘုရားသခင်သည် သတ္တိအား စီးပွားရေးတွင် ထက်မြင်အောင်မြင်စေသော်လည်း နှလုံးသားရေးရာတွင်တော့ ရှုံးနိမ့်စေခဲ့ပုံပေါ်သည်။ နှိုင်းအား ဖွင့်‌ဟပြောခွင့်ပင် မရလိုက်။

"ကိုယ်တို့ နှစ်ယောက်တွေ့တဲ့အခါ မင်းကို ဒေစီပန်းစည်းလေးလက်ဆောင်ပေးမယ် ။ ပြီးရင် ကိုယ်က မင်းအတွက် အကောင်းဆုံး မိတ်ဆွေတစ်ယောက်ဖြစ်ပေးမယ်။ ဒီလောက်ဆို လုံလောက်ပါပြီ "

ကုန်ခါနီးနေပြီဖြစ်သော စီးကရက်အား နောက်ဆုံးအကြိမ်ရှိုက်ဖွာလိုက်ကာ သက်ပြင်း သဲ့သဲ့ချလိုက်သည်။

မြသွေး အစ်ကိုဖြစ်သူအားအလုပ်ကိစ္စပြောရန် လာခဲ့သော်လည်း အစ်ကိုဖြစ်သူ၏ စကားတချို့နှင့် ကြေကွဲနေသောပုံရိပ်များကြောင့် ပြောစရာစကားများအား မြိုချထားလိုက်ကာ သူမအိပ်ခန်းအတွင်းသို့သာ ပြန်ဝင်ခဲ့လိုက်သည်။ သူမအစ်ကိုဖြစ်သူအတွက် အမှန်တကယ်ပင် စိတ်မကောင်းပါ ။ သို့သော် နှိုင်း၏ နှလုံးသားထဲတွင် တခြားလူတ‌စ်ယောက်ရှိနေပြီဖြစ်၍ သူမလည်း ဘာမှမတတ်နိုင်ပေ။ နှိုင်းအတွက် ကူညီပေးရန်သာ ရှိတော့သည်။

ပြိုကျလျက်ရှိသော မိုးရိပ်Dove le storie prendono vita. Scoprilo ora