Part (15) Unicode

59 6 0
                                    

အချိန်သည် တဖြည်းဖြည်းနှင့် လည်ပတ်ခဲ့ပြီးနောက် LAC Company ၏ နှစ်ပတ်လည်ပွဲကျင်းပမည့်အချိန်သို့ရောက်ရှိလာသည်။ နှိုင်းအုပ်ချုပ်သည့်ကာလအတွင်း ဝန်ထမ်းများသည် လွန်စွာပင်ပန်းကြသည်။ နှိုင်းကိုယ်တိုင် အလုပ်ကြိုးစားသည့်အပြင် ဝန်ထမ်းများသည်လည်း အလုပ်ကြိုးစားကြရသည်။ ထို့ကြောင့် LAC သည် မြန်ဆန်စွာ တိုးတက်လာခဲ့ခြင်းပင်။

နှစ်ပတ်လည်ပွဲကျင်းပခြင်းသည် ဝန်ထမ်းများအတွက် ပျော်ပွဲရွှင်ပွဲပြုလုပ်ပေးရန်သာ ရည်ရွယ်ပါသည်။ နှိုင်းသည် အထက်လူကြီးပီပီ ဝန်ထမ်းများအပေါ် ညှာတာ ထောက်ထားစိတ်ရှိသည်။ ပင်ပန်းကြသော ဝန်ထမ်းများအား စိတ်အပန်းဖြေစေသည့် သဘောဖြင့် အားလပ်ရက်ပေးရန် စီစဉ်ထားသည်။

နှစ်ပတ်လည်ပွဲ ကျင်းပပြီးစီးသည့်နေ့မှစ၍ တစ်ပတ်တိတိ လုပ်ငန်းများအား ရပ်နားကာ ဝန်ထမ်းများအတွက် အားလပ်ရက်ပေးမည်ဖြစ်သည်။ သို့သော် ထိုအကြောင်းအား နှိုင်း ၊ သတ္တိ ၊ မြသွေးနှင့် ရှယ်ယာရှင်အနည်းစုသာ သိကြသည်။

"နှိုင်း ဝန်ထမ်းတွေကို ကြိုပြောထားရင်မကောင်းဘူးလား ဒါမှ သူတို့လည်း လုပ်လက်စ အလုပ်တွေကို လက်စသတ်လို့ရမှာပေါ့"

"မပြောသေးဘူး မြသွေး နှိုင်းတော့ လျှို့ဝှက်ထားချင်သေးတယ်"

"ဒါဆို အလုပ်တွေကရော"

"နှိုင်းလုပ်နိုင်ပါတယ် မြသွေးရဲ့"

"နှိုင်းတစ်ယောက်ထဲလား"

"ဟုတ်တယ်လေ နှိုင်းပိုအားထုတ်လိုက်ပါ့မယ်"

"နှိုင်းတစ်ယောက်ထဲဆို ပင်ပန်းနေမှာပေါ့ မြသွေးလာကူမယ်လေ"

"နေနေ မြသွေးမှာ အလုပ်ကိစ္စတွေလည်း ရှိနေသေးတာဘဲကို နှိုင်းကိုယ့်ဘာသာ လုပ်ပါ့မယ်"

"ထားလိုက်ပါ မြသွေးရယ် နှိုင်း လုပ်နိုင်ပါလိမ့်မယ်"

"အစ်ကိုကတော့ နှိုင်းဘက်ကြီးဘဲ
မြသွေးက နှိုင်းအရမ်းပင်ပန်းမှာစိုးလို့ပြောတာပါ ပွဲအတွက်ပြင်ဆင်တာလည်း သူဘဲ အခုလည်းသူဘဲ ပွဲမရောက်ခင် လဲသွားမှဖြင့်"

အစ်ကိုဖြစ်သူ သတ္တိ၏ စကားကြောင့် မြသွေး မကျေမနပ်ဖြင့်ပြန်ပြောလိုက်သည်။

ပြိုကျလျက်ရှိသော မိုးရိပ်Where stories live. Discover now