နှိုင်းသည် ကဗျာအားဖွင့်ပြောခဲ့သည်ဟုသာ ပန်းချီသိရှိပါက အကြီးအကျယ် စိတ်ဆိုးဒေါသထွက်နိုင်သည်။ ပန်းချီစိတ်ဆိုးပါက ကဗျာသည်လည်း နေတတ်တော့မည်မဟုတ်။ ထိုအခါ ပန်းချီတောင်းဆိုသည့်အတိုင်း သူမ လိုက်လျောမိမည်။ ပန်းချီသည်သူမအား သဝန်တိုစိတ်ဖြင့် လက်ထပ်ရန် တောင်းဆိုတော့မည်မှာ သေချာနေသည်။
ပန်းချီနှင့်ကဗျာသည် ငယ်ရွယ်နေဆဲအချိန်ပင်ဖြစ်၍ လက်မထပ်ချင်သေး။ လက်ထပ်ခြင်းသည် အနည်းနှင့်အများတော့ သူမတို့၏ စီးပွါးရေးအား ထိခိုက်နိုင်သည်။ သူမတို့၏ စီးပွါးရေးသည် တည်ငြိမ်ခါစ အခြေနေဖြစ်၍
ထိခိုက်ရန်အလွန်လွယ်ကူသည်။ကဗျာသည် သူမ၏ အတွေးထဲတွင် နစ်မြုပ်၍ ငြိမါသက်နေသည်။ ထိုအခါ နှိုင်းသည် သူမအား စိတ်ဆိုးနေသည်အထင်နှင့် တောင်းပန်လာသည်။
"ကဗျာ နှိုင်းကို စိတ်ဆိုးသွားလားဟင် နှိုင်းတောင်းပန်ပါတယ်နော် စိတ်မဆိုးပါနဲ့ ကဗျာ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင်လုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး"
နှိုင်း၏ မျက်ဝန်းတွင် မျက်ရည်များရစ်သီလာသည်။ နူးညံ့သော ကဗျာသည် နှိုင်း၏ မျက်ရည်များအား မြင်နိုင်စွမ်းမရှိနိုင်။
"ကဗျာ စိတ်မဆိုးပါဘူး ဒီနေ့ဖြစ်ပျက်သမျှကိုလည်း ကဗျာစိတ်ထဲမထားဘူး
နှိုင်းအချစ်ကို ကဗျာလက်မခံနိုင်ဘူးဆိုပေမဲ့ နှိုင်းအပေါ်တော့ အခင်မင်မပျက်ပါဘူး အရင်ကအတိုင်းဘဲ ဆက်ခင်နေမှာပါ ဒါပေမဲ့ နှိုင်းဘက်က အနေအထိုင်ဆင်ခြင်ပေးပါ နှိုင်းဂုဏိသိက္ခာအတွက် ကဗျာ့ဂုဏ်သိက္ခာအတွက် ပြီးတော့ ကဗျာ့ရဲ့သက်ဆိုင်သူ ဂုဏ်သိက္ခာအတွက်ရောပေါ့""နှိုင်းသတိထားပါ့မယ် နှိုင်းကြောင့်နဲ့ ကဗျာတို့ကို မထိခိုက်စေရပါဘူး"
"နှိုင်းကိုယုံပါတယ် ကဗျာသွားတော့မယ် ပန်းချီလိုက်ရှာနေမှာစိုးလို့"
နှိုင်းထံတွင် ဆိုစရာစကားမရှိ။ တိတ်ဆိတ်စွာပင် ကျန်ရစ်ခဲ့ရသည်။ ထွက်ခွါသွားသော ကဗျာသည် တက်ကြွသော ခြေလှမ်းဖြင့် သူမ၏ ချစ်ရသူထံလျှောက်လှမ်းသွားပါသည်။ ဤကဲ့သို့ အခြေအနေအား ကြိုတင်ခန့်မှန်းထားခဲ့သော်လည်း လက်တွေ့ကြုံရသည့်အခါ သူမတွင် ခံနိုင်ရည်မဲ့၏။

KAMU SEDANG MEMBACA
ပြိုကျလျက်ရှိသော မိုးရိပ်
Cerita Pendekလောကဓံရေ အရာအားလုံးကို ယူသွားပါ ဒါပေမဲ့ ကဗျာ့ကိုတော့ ပိုင်ဆိုင်ခွင့်ပေး (နှိုင်းယှဉ်ဝင့်လွှာ) ကဗျာ့အတွက် ပျော်ရွှင်ခြင်းဆိုတာ ပန်းချီလေ (ကဗျာခြွေ) ကမ္ဘာမှာ ပျောက်ပျက်မသွားတဲ့အရာက ဘာလဲဆိုရင် ကဗျာ့အပေါ်ထားတဲ့ ချစ်ခြင်းဘဲပေါ့ (မြတ်ပန်းချီခြယ်)